ညောင်ရွှေမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲအကြို မဲဆန္ဒရှင်ပညာပေးလှုပ်ရှားမှုပြုလုပ်

ညောင်ရွှေမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲအကြို မဲဆန္ဒရှင်ပညာပေးလှုပ်ရှားမှုပြုလုပ်
by -
မဇ္ဈိမ
ကြားဖြတ်ရွေးကောက်ပွဲအကြို မဲဆန္ဒရှင်ပညာပေးလှုပ်ရှားမှုတစ်ရပ်ကို ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့တွင် မတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည်။

အရပ်ဘက်လူ့အဖွဲ့အစည်းများဖြစ်သော Save The Inle၊ ကမ္ဘောဇလူငယ်စာကြည့်တိုက်နှင့် စာဖတ်အသင်း၊ IFES မြန်မာ အဖွဲ့များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်း၍ မဲဆန္ဒရှင်များအား အသိပညာပေးမှုများကို ရှမ်းပြည်နယ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မဲဆန္ဒရှင်ပညာပေးခြင်းကို အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်နေပြီး မဲဆန္ဒနယ် တစ်ခုလျှင် ၂ ရက်တာကာလအတွင်း ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်ရခြင်းမှာ အချို့နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲအား မသိရှိကြကြောင်း သိရသည်။

"ဒီဘက် ညောင်ရွှေဘက်ပိုင်း အနေနဲ့ကျတော့ သူတို့က ကြားဖြတ်ရွေးကောက်ပွဲရှိနေတယ်လို့ တချို့တွေက မသိနေကြဘူးရှင့်။ များသောအားဖြင့် မသိဘူးလို့ ပြောရမှာပေါ့ရှင်။ အဲဒီမသိနေတဲ့ အတွက်ကြောင့်မို့လို့ ဒီဟာသည် မဲစာရင်းတွေ မှားတယ်၊ မှန်တယ်၊ ပြင်ဆင်ဖို့လိုတာဆိုလည်း သူတို့နားလည်နေတာ မဟုတ်ဘူးရှင်။ အဲဒီအတွက်ကြောင့်မို့လို့ ပြည်သူသည် ပူးပေါင်းပါဝင်ဖို့လိုတယ် မှားနေတယ်ဆိုလည်း ပြင်မယ်။ လိုအပ်နေတယ်ဆိုလည်း ဖြည့်မယ်ပေါ့နော်" ဟု ကမ္ဘောဇလူငယ်စာကြည့်တိုက်နှင့် စာဖတ်အသင်းမှ ဆက်သွယ်ရေးတာဝန်ခံ ဒေါ်မေနှင်းကျော်က ပြောသည်။

ညောင်ရွှေမြို့နယ်၌ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် လစ်လပ်တစ်နေရာအတွက် NLDပါတီ၊ USDP ပါတီနှင့် အင်းအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီတို့ ဝင်ရောက်ရွေးချယ်ခံမည် ဖြစ်သည်။

မဲဆန္ဒရှင်များကို ပညာပေးရာတွင် ပိုစတာများကပ်ခြင်း၊ လိုက်လံဆော်သြခြင်း၊ လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခြင်းနှင့် စနစ်တကျ မဲပေးနည်းများကို မတ်လ ၁၂ ရက်နှင့် ၁၃ ရက်များတွင် လူစည်ကားရာအရပ်များဖြစ်သော စျေးများ၌ လိုက်လံ ပြုလုပ်ခဲ့ကြသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...