ဗိုလ်ချုပ်အောင်ဆန်းနာမည်ဖြင့် တံတားအမည်သတ်မှတ်ရေးအဆို အမတ် ၁၆ဦး ဆွေးနွေးမည်

ဗိုလ်ချုပ်အောင်ဆန်းနာမည်ဖြင့် တံတားအမည်သတ်မှတ်ရေးအဆို အမတ် ၁၆ဦး ဆွေးနွေးမည်
by -
မဇ္ဈိမ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်အကြား သံလွင်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် တံတားအမည်အား ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမ သတ်မှတ်ပေးရန် တိုက်တွန်းကြောင်းအဆိုနှင့်ပတ်သက်ပြီး မနက်ဖြန် မတ်လ ၁၄ရက်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ် ၁၆ဦးက ဆွေးနွေးကြမည် ဖြစ်သည်။

အဆိုပါ တံတားအား ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမ သတ်မှတ်ပေးရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နိုင်သက်လွင်၏ သမီးဖြစ်သူ ပေါင်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် မိကွန်ချမ်းက ဖေဖော်ဝါရီ ၂၈ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူခဲ့ခြင်း ဖြစ်သည်။

တိုက်တွန်းကြောင်းအဆိုအား လွှတ်တော်အမတ် ၁၆ဦးက ဆွေးနွေးမည်ဖြစ်ပြီး ထိုအထဲတွင် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးလည်း ဝင်ရောက်ဆွေးနွေးမည်ဖြစ်သည်ဟု မနက်ဖြန်ကျင်းပမည့် ပြည်သူ့လွှတ်တော်အည်းအဝေးအစီအစဉ် လျာထားချက်တွင် ပါရှိသည်။

အဆိုအား ပယ်ဖျက်ပေးရန် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာတွင် မတ်လ ၂ရက်က ဒေသခံများ ဆန္ဒပြခဲ့ကြသေးသည်။

ပေ ငါးထောင်ကျော် ရှည်လျားသည့် အဆိုပါ တံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပေးပြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ ဖေဖော်ဝါရီ ၁၃ရက်တွင် ဖွင့်လှစ်ရန် အစိုးရက ကနဦး စီစဉ်ခဲ့ခြင်းဖြစ်ကာ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရွှေ့ဆိုင်းထားရပြီး လာမည့် ဧပြီလ ၉ရက်မှ ဖွင့်လှစ်ရန် လျာထားသည်။

ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမှုမရှိခြင်းကြောင့် မဟုတ်ဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားများ၏ သဘောထားကို အသိအမှတ်ပြုရန် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဆန္ဒပြသူတချို့က ပြောဆိုထားသည်။

အဆိုရှင် မိကွန်ချမ်းကမူ “ကျွန်မတို့နိုင်ငံမှာ သူရဲကောင်းများရဲ့ အမည်နဲ့ မှည့်ခေါ် ဆောက်လုပ်ထားတဲ့ တံတားများ ရှိပါတယ်။ အဲ့အထဲမှာ ဗိုလ်ချုပ်အောင်ဆန်းအမည်နဲ့ တံတားတစ်စင်းမှ မရှိခဲ့ပါဘူး။ အာဏာရှင်စနစ်ခေတ်က နာမည်ပေးရန် တောင်းဆိုဖို့ မပြောနဲ့။ နာမည်ကိုတောင် မကြားရသလောက်ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို တိုင်းရင်းသားများစုပေါင်းနေထိုင်တဲ့ မည်သည့်နေရာမှာမဆို အမှတ်တရ အထိမ်းအမှတ်အနေနဲ့ ဂုဏ်ပြုထားလို့ ရပါတယ်” ဟု ဆိုသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...