KNU ၁၆ ကြိမ်မြောက် ညီလာခံ ကျင်းပရန် အဆင်သင့်ဖြစ်နေပြီ

KNU ၁၆ ကြိမ်မြောက် ညီလာခံ ကျင်းပရန် အဆင်သင့်ဖြစ်နေပြီ
by -
မဇ္ဈိမ
ကရင်ပြည်နယ် ကေအန်ယူထိမ်းချုပ်ရာဒေသဖြစ်သည့် လောခီးလာ တပ်စခန်းတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၂ ရက်အထိ ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့ ညီလာခံတွင် လုံခြံုရေးယူထားသည့် KNU တပ်သားများအားတွေ့ရစဉ် (ဓာတ်ပုံ - ဘိုဘို)
ကရင်ပြည်နယ် ကေအန်ယူထိမ်းချုပ်ရာဒေသဖြစ်သည့် လောခီးလာ တပ်စခန်းတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၂ ရက်အထိ ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့ ညီလာခံတွင် လုံခြံုရေးယူထားသည့် KNU တပ်သားများအားတွေ့ရစဉ် (ဓာတ်ပုံ - ဘိုဘို)
ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌသစ် ရွေးချယ်မည့် ၁၆ ကြိမ်မြောက် ညီလာခံကို မနက်ဖြန် မတ်လ ၁၄ ရက်နေ့တွင် ကျင်းပရန် အဆင်သင့်ဖြစ်နေပြီး တက်ရောက်မည့် ကိုယ်စားလှယ် ၂၀၀ ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ 
၄ နှစ်တစ်ကြိမ် ကျင်းပသော ညီလာခံကို မနက်ဖြန် မတ်လ ၁၄ ရက် နံနက် ၈ နာရီခွဲချိန်တွင် စတင်မည်ဖြစ်ပြီး KNU ၏ ခရိုင် ရ ခုနှင့် တပ်မဟာ ရ ခုမှ တာဝန်ရှိသူများ၊ ကရင်နိုင်ငံရေးပါတီများ  ၊ ပြည်တွင်း ပြည်ပ ကရင်အမျိုးသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် ယနေ့ထိ လူဦးရေ ၂၀၀ ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ့က ပြောသည်။ “အဆင်သင့်ဖြစ်ပြီ။ ရောက်နေတဲ့ကိုယ်စားလှယ်က စုံသလောက်ရှိနေပါပြီ။ တက်ခွင့်ရကိုယ်စားလှယ် ၂၂၀ လောက်ရှိတယ်။ တခြားကိုယ်စားလှယ်တွေလည်း ရောက်နေပါပြီ။ တောထဲမှာ ဖြစ်တဲ့အတွက် သူတို့ ကြိုတင်ပြီးတော့ ရောက်ရမှာဖြစ်တယ်။ မနက်ဖြန် ကရင်စံတော်ချိန် ၈ နာရီခွဲစမယ်”ဟု ပဒိုစောသောသီဘွဲက မဇ္စျိမကို ပြောသည်။ 
ညီလာခံတွင် KNU ၏ ၄ နှစ်တာကာလအတွင်း လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်း၊ လက်ရှိ နိုင်ငံရေး အခြေအနေများ သုံးသပ်ခြင်းများနှင့် KNU ၏ ၁၀ ဦးမြောက် ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ ဦးနှင့် ဗဟိုအမြဲတမ်း ကော်မတီ ၄၅ ဦးတို့ကိုလည်း ရွေးချယ်သွားမည် ဖြစ်သည်။ ညီလာခံကို မနက်ဖြန် မတ် ၁၄ ရက်မှစတင်ကာ ရက်သတ္တပတ် သုံးပတ်ကြာ ကျင်းပမည် ဖြစ်သည်။ KNU သည် အစောပိုင်းက မတ်လအတွင်း ညီလာခံ ကျင်းပရန် ရှိသဖြင့် မတ်လတွင် ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကို တက်ရောက်နိုင်မည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကျင်းပသော အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။
သို့သော် အစိုးရဘက်ကလည်း ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပရန် ရက်ရွှေ့ဆိုင်းထားသည်။ KNU သည် ၂၀၁၆ ခုနှစ်က ဦးသိန်းစိန်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA)ကို အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဖြစ်သည်။
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...