လောက်ကိုင်မြို့အနီး ရန်လုံကျိုင်းဂိတ်အနီးတွင် တိုက်ပွဲပြင်းထန်နေ

လောက်ကိုင်မြို့အနီး ရန်လုံကျိုင်းဂိတ်အနီးတွင် တိုက်ပွဲပြင်းထန်နေ
by -
မဇ္ဈိမ
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့အနီး ရန်လုံကျိုင်းနယ်စပ်ဂိတ်တွင် တပ်မတော်နှင့် မြောက်ပိုင်းမိတ်တို့ တိုက်ပွဲများ ပြင်းထန်နေပြီး ယနေ့ မတ် ၉ ရက်မှာ ၃ရက်အတွင်း အပြင်းထန်ဆုံးတိုက်ပွဲဖြစ်နိုင်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က မဇ္စျိမသို့ ပြောသည်။

“ အဓိကတိုက်ပွဲဖြစ်တာတော့ ရန်လုံကျိုင်းနယ်စပ်ဂိတ်ရယ် ၁၂၅ မိုင်တိုင် အမှတ်ရယ် ၊ အဲ့ဒီ ၁၂၅ နဲ့ ၁၂၇ နဲ့ ၅ နေရာလောက်မှာတော့ ဖြစ်နေတယ်။ ဖြစ်နေတာတော့ နည်းနည်းကြာပြီ ။ ဒါပေမယ့် ဒီ ၃၊ ၄ ရက်တော့နေရာတော်တော်များများမှာ တိုက်ပွဲပိုပြင်းထန်တယ် ။ ဒီနေ့ကတော့ ပိုပြင်းတဲ့တိုက်ပွဲလို့ ပြောလို့ရတယ် ”ဟု ၄င်းက ပြောဆိုသည်။

ယနေ့ ညနေ ၅နာရီခွဲဝန်းကျင်ခန့်အထိ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် MNDAA တို့ တိုက်ပွဲ ၅နေရာခန့်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

လောက်ကိုင်မြို့တွင်းတွင်လည်း  စတင်ဖြစ်ပွားသည့် မတ်လ ၆ နေ့လောက် ပြင်းထန်မှုမရှိတော့သော်လည်း တိုက်ပွဲအချို့ရှိ နေသေးကြောင်း သိရသည်။

အမည်မဖော်လိုသည့် တပ်မတော်အရာရှိတစ်ဦးက “ မြို့ထဲမှာခုထိကို ပစ်နေတုန်း။ ဒီနေ့ခင်းကို ပစ်နေတာ ။ ညဘက်ကိုကတော့ ပြောမနေနဲ့တော့ ။ အဲမှာ မြို့ထဲမှာ ပစ်သေးတယ် ။ အရပ်သား လည်း ထိတယ် ၊ ထိတာတော့ မသိနိုင်ဘူး ။ တစ်ချို့တဝက်ဝင်လာတာ အရပ်ဝတ်နဲ့ ကိုယ်က စစ်သားဆိုတော့ အရပ်ဝတ်နဲ့ မပစ်ရဘူးလေ ။ သူတို့က ပစ်သွားတာပဲ ။ တောင်ညီနောင်ကုန်းကတော့ မနေ့က တပ်ကတော့ တပ်မ ၆၆ က ပြန်အသိမ်းလိုက်ပြီ ။ ရန်လုံကျိုင်းအစပ်မှာပဲ သူတို့ရှိတော့တယ်” ဟု ပြောသည်။

မတ်လ ၆ ရက်ကစပြီး ၃ရက်ကြာဖြစ်ပွားနေဆဲဖြစ်သည့်လောက်ကိုင်တိုက်ပွဲတွင် တပ်မတော်၊ မြောက်ပိုင်းမဟာမိတ်တို့အပြင် အရပ်သားများလည်းထိခိုက် သေဆုံးမှုများရှိနေသည်။

 AFP သတင်းဌာနဖော်ပြချက်အရ လောက်ကိုင်တိုက်ပွဲကြောင့် အနည်းဆုံးအရပ်သား ၃၀ ကျော်သေဆုံးခဲ့ ပြီးကြောင်း သိရသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...