ခေါင်းဆောင်သစ်ရွေးချယ်မယ့် UNFC ဒုတိယအကြိမ်ညီလာခံ မတ်လ ၂၀ နောက်ပိုင်းကျင်းပမည်

ခေါင်းဆောင်သစ်ရွေးချယ်မယ့် UNFC ဒုတိယအကြိမ်ညီလာခံ မတ်လ ၂၀ နောက်ပိုင်းကျင်းပမည်
by -
မဇ္ဈိမ
ခေါင်းဆောင်ပိုင်းနေရာများကို ပြန်လည်ရွေးချယ်သွားမည် ဖြစ်သည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)၏ ဒုတိယအကြိမ်ညီလာခံကို မတ်လ ၂၀ ရက်နေ့ နောက်ပိုင်းတွင်သာ ကျင်းပသွားမည်ဟု UNFC တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော်က မဇ္စျိမသို့ အတည်ပြုပြောသည်။

"UNFC ရဲ့ ဒုတိယအကြိမ်ညီလာခံ က ဒီလ ၂၀ နောက်ပိုင်းမှ လုပ်မယ် ။ အဲ့ဒီ ညီလာခံကာလအတွင်းမှာပဲ လုပ်သွားမှာပါ " ဟု ဦးထွန်းဇော်က ဆိုသည်။

အဆိုပါ ကျင်းပမည့် ဒုတိယအကြိမ်ညီလာခံ၌ အစိုးရနှင့် မူအားဖြင့် သဘောတူညီမှုရရှိခဲ့သည့် အချက် (၉) ချက် အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကိုပါ ဆွေးနွေးသွားမည်ဖြစ်သည်။

UNFC ၏ ဒုတိယအကြိမ် ညီလာခံကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းပြုလုပ်ရန် ရည်ရွယ်ထားပေမယ့် မြန်မာပြည်မြောက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့်   ရွေ့ဆိုင်းထားခဲ့ရခြင်းလည်း   ဖြစ်သည်ဟု ဦးထွန်းဇော်က ပြောဆိုခဲ့သည်။

လက်ရှိတွင် UNFC ဥက္ကဌ အဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ အဖြစ် နိုင်ဟံသာ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ခူဦးရယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ အဖြစ် ဦးထွန်းဇော် ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ အဖြစ် တာပန်လ တို့က တာဝန်ယူထားသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...