ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူလူထု စိတ်ဝင်စားမှုလျော့နည်းနေ

ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူလူထု စိတ်ဝင်စားမှုလျော့နည်းနေ
by -
မဇ္ဈိမ
လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို  ပြည်သူလူထုအနေဖြင့် စိတ်ဝင်စားမှုလျော့နည်းနေသည်ဟု Rain  Maker အဖွဲ့မှ ပရောဂျက်မန်နေဂျာ ကိုမင်းသုနောင်က ပြောသည်။

ယခင်ရွေးကောက်ပွဲသည် တစ်နိုင်ငံလုံးတွင် ကျင်းပခဲ့ခြင်းဖြစ်သလို ပါတီများ၏ မဲဆွယ်စည်းရုံးမှုများနှင့် မီဒီယာများတွင် ဖော်ပြမှုအားကောင်းခဲ့ခြင်းတို့ကြောင့် ပြည်သူအများက စိတ်ဝင်တစားရှိခဲ့သည်။

လက်ရှိကြားဖြတ်ရွေးကောက်ပွဲအား  ပြည်သူများ၏ သိရှိ မှု အားနည်းနေခြင်းကြောင့် မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများကို အပိုင်း (၂)ပိုင်းခွဲကာ ဆောင်ရွက်နေသည်ဟု Rain  Maker ၏ Project Manager ကိုမင်းသုနောင် က ပြောသည်။

"ဒီ Voter Education ကို ၂၀၁၇ မှာ အရင်နှစ်နဲ့ မတူဘဲနဲ့ နှစ်ပိုင်းခွဲပြီးတော့ လုပ်တယ်ပေါ့နော်။ ပထမတစ်ပိုင်းကတော့ Voter List ကို လာကြည့်ဖို့ အတွက်ပေါ့။ မဲစာရင်းကို လာကြည့်ကြဖို့။ နောက်ထပ်တစ်ပိုင်းကျတော့ မဲလာပေးကြဖို့။ မဲပေးတဲ့နေ့မှာ လာပေးကြဖို့။ မဲပေးတဲ့အခါမှာ ပယ်မဲတွေမဖြစ်ဖို့ပေါ့။ အဲ့ဒီအတွက်လုပ်တာပါ" ဟုပြောသည်။

အသက်မွေးဝမ်းကြောင်းအတွက် ရခိုင်ပြည်နယ်မှ ရန်ကုန်သို့  (၁၀) နှစ်ကျော်ကြာ ပြောင်းရွှေ့ နေထိုင်သူတစ်ဦးဖြစ်သည့် ကိုဖြိုးမောင်မောင်ကမူ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးရန် အသင့်ရှိနေပြီဟု ပြောသည်။

“တိုင်းပြည်တစ်ခုရဲ့အသက်လိုပေါ့ ဒီရွေးကောက်ပွဲကတော့ မဲကို ကိုယ်ပေးတဲ့လူက မှားရင်တိုင်းပြည်က ဆုတ်ယုတ်မယ်။ မှန်လို့ရှိရင် တိုင်းပြည်က တိုးတက်မယ် ၊ဒါပဲပေါ့။" ဟုဆိုသည်။

မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများကို  လှိုင်သာယာမြို့နယ်မှ စက်မှုဇုန်၊ စျေးနှင့် လူစည်ကားရာနေရာများတွင်   စတင်ပညာပေးနေပြီဖြစ်သည်။ တစ်နိုင်ငံလုံးတွင် လစ်လပ်မဲဆန္ဒနယ် (၁၉) နေရာရှိပြီး ကိုယ်စားလှယ် (၉၆) ဦး ကဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ထို့အပြင် ကနဦးစာရင်းများအရ မဲပေးနိုင်ခွင့်ရှိသူ ဦးရေ (၂)သန်း နီးပါးရှိသည်ဟုသိရသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...