ပြည်တွင်းမှ အမျိုးသမီးဆိုင်ရာ ဥပဒေများ ပြဌာန်းအကောင်အထည်ဖော်သင့်ဟု ဒေါက်တာဒေါ်သက်သက်ခိုင် ဆို

ပြည်တွင်းမှ အမျိုးသမီးဆိုင်ရာ ဥပဒေများ ပြဌာန်းအကောင်အထည်ဖော်သင့်ဟု ဒေါက်တာဒေါ်သက်သက်ခိုင် ဆို
by -
မဇ္ဈိမ
ကုလသမဂ္ဂ၏ အမျိုးသမီးဆိုင်ရာ အထူးအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ အမျိုးသမီးများက အမျိုးသမီး အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ တက်ရောက်ဆွေးနွေးနိုင်ရန်အတွက် ပြည်တွင်းမှ အမျိုးသမီးဆိုင်ရာ ဥပဒေများ ပြဌာန်းအကောင်အထည်ဖော်သင့်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောသည်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ပြုလုပ်သည့် မြန်မာအမျိုးသမီးများ ရက်သတ္တပတ် (Women's Week - Myanmar)၏ Myanmar Professional Women ဆွေးနွေးပွဲတွင် ပြောခြင်းဖြစ်သည်။

"UN မှာ Convention ရှိတယ်။ အဲ့ဒီ Convention တွေမှာ မြန်မာနိုင်ငံက လက်မှတ်ထိုးတာတွေလည်း ရှိတယ်။ အဲဒီမှာ ဆွေးနွေးနိုင်ဖို့ အတွက်က ကျွန်မတို့အမျိုးသမီးဆိုင်ရာ ဥပဒေတွေရေးဆွဲပြီး အကောင်အထည်ဖော်ရ မယ်" ဟု ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောသည်။

လူ့အသိုင်းအဝန်းတစ်ခုတွင် စနစ်ကအရေးကြီးကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

"ကိုယ့်ရဲ့အသိုင်းအဝန်းတစ်ခုမှာ စနစ်ကအရေးကြီးတယ်ဆိုတာ ငယ်ငယ်ကတည်းက သိခဲ့ရတယ်။ စနစ်က မှန်လို့ရှိရင် တစ်တိုင်းပြည်လုံးကောင်းတယ်။ စနစ်က မှားနေရင် တစ်တိုင်းပြည်လုံးအတွက် မကောင်းဘူး။ အဲဒီ စနစ်ဆိုတာကို နားမလည်ခင်က စနစ်ရဲ့ အကျိုးသက်ရောက်မှုကို ငယ်ငယ်ကတည်းက ခံစားခဲ့ရတယ်" ဟု ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောသည်။

ဆွေးနွေးပွဲတွင် အောင်မြင်နေသည့် အမျိုးသမီးတစ်ယောက် မည်သို့ရုန်းကန်ကြိုးစားခဲ့ရပြီး မည်သည့်စိန်ခေါ်မှု များရှိခဲ့သနည်းဆိုသည်ကို အမေးအဖြေပုံစံများနှင့် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတက်ရောက်လာသည့် လန်ဒန်မြို့က ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် Moore Stephens London ကုမ္ပဏီကြီး၏ အကြီးတန်းစာရင်းစစ်အဖြစ်လုပ်ကိုင်နေသူ ဒေါ်ဂျူလီခိုင်က

"ထူးချွန်ထက်မြတ်သူတွေ အတွေ့အကြုံဖလှယ်ကြတဲ့ပွဲဖြစ်တဲ့အတွက် သင်ယူစရာတွေ အများကြီးရှိတယ်။ အမျိုးသမီးငယ်တွေအတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်တယ်။ မြန်မာနိုင်ငံက အမျိုးတွေလည်း ကြိုးစား မယ်ဆို အားလုံး Professional ဖြစ်နိုင်တာပဲလေ" ဟု ပြောသည်။   

Myanmar Professional Women ဆွေးနွေးပွဲတွင်  နိုင်ငံတကာနယ်ပယ်အသီးသီးက အောင်မြင်သည့် အမျိုးသမီးကြီးများက ၄င်းတို့၏ ဘဝဖြတ်သန်းမှု အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခဲ့ကြပြီး ဆွေးနွေးပွဲကို အမျိုးသမီးဆိုင်ရာ အဖွဲ့အစည်းများက အမျိုးသမီးကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည််။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...