ချင်း၊ ရခိုင်၊ နာဂ ဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များအား တစ်လ တစ်သောင်းခွဲ ထောက်ပံ့

ချင်း၊ ရခိုင်၊ နာဂ ဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များအား တစ်လ တစ်သောင်းခွဲ ထောက်ပံ့
by -
မဇ္ဈိမ
ချင်း၊ ရခိုင်၊ နာဂ ဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များအား တစ်လ တစ်သောင်းခွဲ ထောက်ပံ့
ချင်း၊ ရခိုင်၊ နာဂ ဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များအား တစ်လ တစ်သောင်းခွဲ ထောက်ပံ့
ဖွံ့ဖြိုးမှုနည်းသော ချင်း၊ ရခိုင်၊ နာဂဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေး  ကျပ် တစ်သောင်းခွဲ နှင့် ပညာပေးအစီအစဉ်များ   ပြုလုပ်နေကြောင်း လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မတ်လ ရ ရက်တွင် ပြောသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်တွင် ပြုလုပ်သော Women & Girls First Initiative ပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

“ အခုလောလောဆယ် ထောက်ပ့ံပေးတာကကတော့ တစ်လကို တစ်သောင်းခွဲ၊ တစ်သောင်းခွဲဆိုတာ အခုနကပြောတဲ့နေရာမှာပဲနော်။ တစ်နိုင်ငံလုံးမဟုတ်ဘူး။ တစ်နိုင်ငံလုံးကတော့ အသိပဲပေးလိုက်တယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းတစ်ခုအဖြစ် တစ်လလျှင် ထောက်ပံ့ကြေးတစ်သောင်းခွဲကို တစ်ရက်လျှင် ငါးရာကျပ်နှုန်းဖြင့် ကလေးဖွံ့ဖြိုးမှုနှင့် ဦးနှောက်ဖွံ့ဖြိုးရေးအတွက် အာဟာရဖြည့်စွက်ရန် ထောက်ပံပေးခြင်းဖြစ်သည်။

“ထောက်ပံ့တာကတော့ တစ်သောင်းခွဲဆိုတာ တစ်နေ့ငါးရာ၊ ဒါပေမယ့် ဒါ ထိထိရောက်ရောက် ဖြည့်စွက်ပြီး တော့ နဂိုစားနေတဲ့အစာထဲမှာ ငါးရာဖိုးကို ဒီကလေးဖွံ့ထွားမှုနဲ့ ဦးနှောက်ကောင်းမယ့် အာဟာရကို ဖြည့်စွက်ဖို့ ငါးရာပေးတာ ။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတာ ပညာပေးပါ တွဲတယ်” ဟု  ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ထောက်ပံ့ကြေးသာမက ပညာပေး အစီအစဉ်များထဲတွင် သားဆက်ခြားပညာပေး၊  ကလေးကျန်းမာဖွံ့ဖြိုးရေး အတွက် ကျန်းမာရေးအသိပညာပေးမှုများပါ ပါ၀င်သည်။ အဆိုပါ အစီအစဉ်များကို မိခင်များ ကိုယ်ဝန်ဆောင်သည့်အချိန်မှ စပြီး မွေးဖွားလာသောကလေး အသက် နှစ် နှစ် အထိ ရက်ပေါင်းတစ်ထောင် အတွင်း ထောက်ပ့ံပေးမည်ဖြစ်သည်။

လက်ရှိတွင် ချင်ပြည်နယ်တွင် Lift Fun အစီအစဉ်နှင့် စတင်ဆောင်ရွက်နေပြီး ရခိုင်ပြည်နယ်နှင့် နာဂဒေသများအတွက်မူ အစိုးရဘတ်ဂျက်နှင့် ဆောင်ရွက်နေကြောင်း သိရသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...