ရခိုင်ပြည်နယ် ဖွ့ံဖြိုးတိုးတက်ဖို့ လယ်ယာလုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍ အောင်မြင်ဖို့ လိုကြောင်း ၀န်ကြီးချုပ်ပြော

ရခိုင်ပြည်နယ် ဖွ့ံဖြိုးတိုးတက်ဖို့ လယ်ယာလုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍ အောင်မြင်ဖို့ လိုကြောင်း ၀န်ကြီးချုပ်ပြော
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုက်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးလုပ်ငန်းကိုပါ ထည့်သွင်းပြီး ဖွ့ံဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပြုလုပ်ရမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးရေးသည် လယ်ယာနှင့် စိုက်ပျိုးရေးကဏ္ဍ ဖြစ်ထွန်းအောင်မြင်မှုမှာ အဓိကကျကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ရခိုင််ပြည်နယ်သည် နိုင်ငံအတိုင်းအတာဖြင့် ဖွံ့ဖြိုးမှုနောက်ကျနေသည့် ပြည်နယ်တစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်လျှက်ရှိသော်လည်း   ဖြစ်ထွန်းအောင်မြင်မှု အလွန်နည်းပါးသည့်အတွက် တောင်သူများမှာ နှစ်စဉ် အရှုံးနှင့် ရင်ဆိုင်နေကြရကြောင်းလည်း သိရသည်။

“စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေကြတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့အတွက် မြစ်ချောင်းအင်း အိုင်တွေ အပေါ်မှာ၊ လယ်ယာတွေ၊ စိုက်ပျိုးမြေတွေအပေါ်မှာသာ ကျွန်တော်တို့တွေ မှန်မှန်ကန်ကန်နဲ့ အသုံးချဆောင်ရွက်သွားမယ်ဆိုရင် ကျွန်တော်တို့ လူနေမှုဘဝတွေဟာ တိုးတက်လာမှာဖြစ်ပါတယ််”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောသည်။

ထို့ကြောင့် လက်ရှိတွင်လည်း ရခိုင်ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များမှာ မြန််မြန်ဆန် ဆန်နှင့် တိုးတက်လာစေရေး အတွက် စေတနာထားပြီးလုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြောင်း သူကပြောသည်။

“ကျွန်တော်တို့ရဲ့ ပြည်သူတွေဟာ ကျေးလက်နေပြည်သူတွေဖြစ်ကြပါတယ်။ ရ၀ ရာခိုင်နှုန်းခန့် ဟာ ကျေးလက်မှာပဲ နေထိုင်ကြပါတယ်။ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးကို အများဆုံးလုပ်ကိုင် ကြပါတယ်။ ရခိုင်ပြည်နယ်ဟာ စိုက်ပျိုးမွေးမြူ ရေးကဏ္ဍအတွက် တကယ့်ရေခံမြေခံကောင်းတဲ့ ဒေသတစ်ခုပါ။ တကယ်လည်းပဲ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီကဏ္ဍကြီးကို ဖြစ်ထွန်းအောင်မြင်အောင် လုပ်ရမှာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ယင်းအပြင် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွ့ံဖြိုးတိုးတက်လာစေရေးအတွက် ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းတွင် အခက်အခဲနှင့် ရင်ဆိုင်ကြံုတွေ့နေကြရသည့် နည်းပညာအခက်အခဲ၊ ပြောင်းလဲ ထုတ်လုပ်ရန် လိုအပ်နေသည့် မျိုးကောင်းမျိုးသန့်များနှင့် ကုန်ကြမ်းကိုထက် ကုန်ချောထုတ်လုပ်မှုအပိုင်များကို အဆင့် မြှင့်တင်နိုင်ရေးအတွက်   ပြည်တွင်းပြည်ပပညာရှင်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများအား လာရောက်လုပ်ကိုင်ရန် အတွက် ကြိုးစားဆောင်ရွက်နေကြာင်းလည်းသိရသည်။

ယင်းသို့ ရခိုင်ပြည်နယ်၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍကို နည်းပညာသစ် များဖြင့် ပြောင်းလဲလုပ်ကိုင်သည့်နေရာတွင် တောင်သူများအနေဖြင့်လည်း ကြိုးစားဆောင်ရွက်လိုစိတ်မှာ အဓိက မူတည်နေကြောင်း ဆက်လက်ပြောကြားသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...