ဖယ်ဒရယ်နိုင်ငံများမှ အတွေ့အကြုံနှင့် သင်ခန်းစာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့

ဖယ်ဒရယ်နိုင်ငံများမှ အတွေ့အကြုံနှင့် သင်ခန်းစာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့
by -
မဇ္ဈိမ
ရန်ကုန်မြို့တွင် ဖယ်ဒရယ်များ ဖိုရမ်(Forum of Federations)က ဦးဆောင်ပြီး ဖယ်ဒရယ်နိုင်ငံများမှ အတွေ့ အကြုံနှင့် သင်ခန်းစာများ (Panel Discussion on Comparative Federal Experiences) ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် လက်ရှိအနေအထားတွင် မြန်မာနိုင်ငံသည် ဖယ်ဒရယ်စနစ်ကို သွားရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ လိုအပ်နေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အရ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပါတီတွေက ဆောင်ရွက်နေမှု တွေရှိသော်လည်း လွှတ်တော်က လောလောဆယ် နှေးကွေးနေသေးသည်ဟု ဆောင်းပါးရှင် ဇေယျသူက ပြောသည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စမလုပ်သေးခင်မှာ အခု ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖယ်ဒရယ်ရဲ့ အရိပ်လက္ခဏာတွေ ပါနေတယ်ဆိုတော့ ဒီမှာ ဖယ်ဒရယ်လစ်ဇင် ဖြစ်သွားအောင် အာဏာခွဲဝေပေးတာတွေ လုပ်လို့ရတယ်။ လက်ရှိစနစ်ထဲကပဲ သွားလို့ရသလောက် သွားဖို့လိုတယ်" ဟု ဆောင်းပါးရှင် ဇေယျသူက မဇ္ဈိမသို့ ပြောသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်စဉ်နှင့် နှိုင်းယှဉ်ဆွေးနွေးရာတွင် နိုင်ဂျီးရီးယားနိုင်ငံသည် ဆင်းရဲပြီး ပဋိပက္ခဖြစ်ပွားမှုများသည့်နိုင်ငံဖြစ်သည့် အတွက် မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သည်ဟု   နိုင်ငံရေးရာ လေ့လာသုံးသပ်မှုများ ရေးသားနေသည့် ဆောင်းပါးရှင် ဇေယျသူက ဆိုသည်။

ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီအချို့နှင့် အရပ်ဖက်အဖွဲ့ အစည်းများ ၊နိုင်ငံရေး စိတ်ပါဝင်စားသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဆောင်းပါးရှင် ဇေယျသူက ဦးဆောင်၍ ဆွေးနွေးခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ အစိုးရအဖွဲ့နေရာများ အပါအဝင် အထက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ Hans Altherr ၊ သြစတေးလျ ရှေ့နေချုပ်ရုံး အငြိမ်းစားညွှန်ကြားရေး မှူးချုပ် Roger Wilkins ၊ကနေဒါနိုင်ငံ စွန့်ဦး တည်ထွင်သူနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူ Salma Siddiqui ၊နိုင်ဂျီးရီးယားနိုင်ငံ၊ အီဒိုပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ယခင် နိုင်ဂျီးရီးယား သမ္မတအကြံပေး Julius Ihonvbere တို့က နိုင်ငံအသီးသီး၏ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ် အတွေ့အကြုံများကို ဖလှယ်ခဲ့ကြသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...