ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက စုပေါင်းပြီး ကျောင်းသာယာလှပစေရန် အမှိုက်စုကောက်

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက စုပေါင်းပြီး ကျောင်းသာယာလှပစေရန် အမှိုက်စုကောက်
by -
မဇ္ဈိမ
ဓာတ်ပုံ-သက်ကို မဇ္စျိမ
ဓာတ်ပုံ-သက်ကို မဇ္စျိမ
ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက စုပေါင်းပြီး  ရန်ကုန်တက္ကသိုလ်အမှိုက်ကင်းစင်စေရန် နှင့် အသိပညာပေးမှုရရှိစေဖို့ ရန်ကုန်တက္ကသိုလ် နယ်မြေထဲတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။

“ကျောင်းမှာက အခုဆိုရင် ကျောင်းသားသစ်တွေများလာပြီ။ ဆရာ၊ ဆရာမအသစ်တွေလည်း များလာ တယ်။ ပလက်စတစ်တွေလည်း များလာတယ်။ အဲဒါကြောင့် အခုလို ကျောင်းသားတွေ စုပေါင်းပြီး အမှိုက်ကောက်တာပါ။ သဘာဝပတ်ဝန်းကျင် ကောင်းမွန်စေဖို့ပါပဲ”ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်သူ ကိုရဲရင့်က မဇျွိမသို့ ပြောသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် နိုင်ငံရေးအရလုပ်ဆောင်ခြင်းမဟုတ်ကြောင်း ကျောင်းအတွင်း သန့်ရှင်းစေချင်သည့် ရည်ရွယ်ချက်တစ်ခုတည်းအတွက်သာ လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် သန့်ရှင်းရေး ဝန်ထမ်းများကို ဝိုင်းဝန်းကူညီခြင်းသာ ဖြစ်ကြောင်း ကိုရဲရင့်က ပြောကြားသည်။

မြေကြီးထဲတွင် ပလက်စတစ်များကပ်နေခြင်းကြောင့် မြေဆီလွှာပျက်စီးကာသဘာဝပတ်ဝန်းကျင် ပျက်စီးနေရခြင်းကြောင့် ယင်းကဲ့သို့ အမှိုက်ကောက်ခြင်းအလုပ်ကို ၀ိုင်းဝန်းကူညီပေးကြရန်လည်း တိုက်တွန်းကြောင်း ရန်ကုန် တက္ကသိုလ်တွင် ပညာသင်ကြားနေသောကျောင်းသူ မစိုးထိုက်စံက ပြောသည်။

“အမှိုက်တယ်ဆိုတာ ပစ်တဲ့သူရှိလို့ ကောက်ရတာပါ။ ဒီ ပစ်တဲ့သူတွေရှိသလို ကောက်တဲ့သူတွေ လည်း ရှိတယ်ဆိုတာကို အသိတရားရစေဖို့ပါ။ အမှိုက်ဆိုတာ ကောက်ဖို့ပါဆိုတာကို သိစေချင်လို့ ပါ။”ဟု မစိုးထိုက်စံက မဇျွိမသို့ ပြောသည်။

ယခုကဲ့သို့ အမှိုက်ကောက်ခြင်းကို ပြီးခဲ့သောရက်ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ပရဟိတလုပ်ဆောင် သူများက ပြည်သူများနှင့် ပူးပေါင်းကာ အမှိုက်ကောက်ခဲ့ကြခြင်းဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းတွင် ဒဂုံတက္ကသိုလ် ကျောင်းသားများကလည်း ဒဂုံကျောင်းတွင်းအတွင်း အမှိုက်များ   ကောက်ခြင်းကို ပြုလုပ်ခဲ့ကြသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...