စီးကရက်နှင့်အရက် အရေအတွက်ပဏာမ အလိုက်ဈေးကွက်ပေါက်ဈေးအတိုင်း အခွန်ကောက်မည်

စီးကရက်နှင့်အရက် အရေအတွက်ပဏာမ အလိုက်ဈေးကွက်ပေါက်ဈေးအတိုင်း အခွန်ကောက်မည်
by -
မဇ္ဈိမ
လာမည့် ဘဏ္ဍာနှစ်တွင် ထုတ်လုပ်ရောင်းချသည့် စီးကရက်အရေအတွက်နှင့် အရက်ပမာဏအလိုက် ရောင်းချ သည့် ဈေးကွက်ပေါက်ဈေးအတိုင်း အခွန်သတ်မှတ်ကောက်ခံဖို့ ၂၀၁၆ခု ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း ထည့်သွင်းရေးဆွဲထားကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကပြောသည်။

ကုန်စည်ထုတ်လုပ်သူ၊ လက်လီရောင်းချသူ၊ လက်ကားရောင်းချသူနှင့် စားသုံးသူများ အကြားဈေးနှုန်း အပြောင်းအလဲပြု လုပ်ခြင်း၊ ဈေးနှုန်းကို လျှော့ချသတ်မှတ်တို့ကြောင့် ဖြစ်ပေါ်လာသည့် အခွန်ရှောင် တိမ်းမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် ထုတ်လုပ်ရောင်းချသည့် စီးကရက်အရေအတွက်နှင့် အရက် ပမာဏအလိုက် ရောင်းချ တဲ့ ဈေးကွက်ပေါက်ဈေးအတိုင်း သတ်မှတ်ကောက်ခံရန် ထည့်သွင်းရေးဆွဲထားကြောင်း ဦးဝင်းရှိန်က ပြောသည်။

တစ်မျိုးသားလုံး၏ ကျန်းမာရေးနှင့် အကျင့်စာရိတ္တကို ထိခိုက်စေနို င်တဲ့ အရက်၊စီးကရက်အ စရှိသည့် ကုန်စည်များကို ပြည်သူ၊ပြည် သားများ အလွန်အကျွံသုံးစွဲခြင်းမှ လျှောချနိုင်ရန် အတွက်လည်း ထည့် သွင်း ရေးဆွဲထားကြောင်း ဦးဝင်းရှိန်က ဒီဇင်ဘာလ ၁၅ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ၌  ၂၀၁၆ခု ပြည်ထောင်စု ၏အခွန်အ ကောက်ဥပဒေကြမ်း တင်းသွင်းရင်း ပြောကြားခဲ့ဖြစ်သည်။

“အထူးကုန်စည်များအနက် စီးကရက်နှင့်အရက်အတွက် ပြည်တွင်းထုတ်လုပ်မှုအပေါ် အလွှာအလိုက် အခွန်နှုန်းများနှင့်ကောက်ခံ သွားမှာဖြစ်ပါတယ်“ ဟု ပြည်ထောင်စုလွှတ်တော်တွင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁ဝဝ၊ပုဒ်မခွဲ(ခ)တွင် ပြည်ထောင်စု၏အခွန်အကောက်ဆိုင်ရာဥပေဒေ ကြမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့ကသာ ပြည်ထောင်စုလွှတ်တော်သို့ တင်းသွင်းရန် ပြဌာန်း ထားပြီး ပြည်ထောင်စုလွှတ်တော်ကလည်း သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ဆွေးနွေး ဆုံးဖြတ်ရမည်ဟု ပြဌာန်းထားသည်။       

အဆိုပါ ၂၀၁၆ခု ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က ဆွေးနွေးဆုံးဖြတ်ပေးနိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တင်သွင်းခဲသည်။      

ပြည်ထောင်စု လွှတ်တော်နာယကက အဆိုပါ ၂၀၁၆ခု ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူ ကြမ်းကို ပြည်ထောင်စု လွှတ်တော်ဥဒေ၊ နည်းဥပေဒများနှင့် ဆက်လက်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်၌ အသိပေးကြေညာခဲ့သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...