ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုအပြီး ၅၉(စ) ဆိုင်းငံ့ဖွယ်ရှိ

ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုအပြီး ၅၉(စ) ဆိုင်းငံ့ဖွယ်ရှိ
by -
မဇ္ဈိမ
ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၅၉(စ) အား ဆိုင်ငံ့ထားရန် ဖြစ်လာနိုင်ကြောင်း သူရဦးအောင်ကိုက ပြောသည်။

“နိုင်ငံတော်အကြီးအကဲနဲ့ ဒေါ်စုတို့ တွေ့ဆုံပြီးတဲ့နောက် ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ်ဖြစ်ပါတယ်၊ ကျွန်တော့်ခန့်မှန်းချက်ပါ။ သုံးသပ်ချက်ပါ။ အဲဒီအတိုင်းဖြစ်လာမှာပါ”ဟု ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၅၉(စ)အား ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ဆိုင်ငံ့ရန်အတွက် လက်ရှိ အစိုးရနှင့် ပြည်ခိုင်ဖြိုးပါတီ၌ မူတည်နေကြောင်းလည်း သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

“လွှတ်တော်သစ်မှာ ၅၉ ( စ) ကိုဆိုင်းငံ့လို့ ရမရ၊ ဆိုင်းင သင့်မသင့် ဆွေးနွေးပြီးတဲ့အခါမှာ အဆိုတစ်ခုတင်ပြီး မဲခွဲလိုက်လို့ရှိရင် ၅၀ ရာခိုင်နှုန်းကျော်သွားလို့ရှိရင် ဆိုင်းငံ့ လို့ရမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်”ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)သည် နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထို တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူဆောက်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသို့မဟုတ် နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ လက်အောက် ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားရှိသူများ မဖြစ်စေရဟု ပြဌာန်းထားသည်။    

အစိုးရ၏နိုင်ငံအကြီး အကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ အသွင်ကူးပြောင်းရေးအဖွဲ့တို့သည့်  မကြာမီအတွင်း တွေ့ဆုံမည်ဟုလည်း NLD ဗ ဟို အလုပ်မှု ဆောင် ဦးဝင်းထိန်က ဒီဇင်ဘာ ၁၄ ရက်နေ့က ပြောကြားထားသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...