နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်မည့် ကိုယ်စားလှယ်အချိုးအစား သတ်မှတ်လိုက်ပြီ

နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်မည့် ကိုယ်စားလှယ်အချိုးအစား သတ်မှတ်လိုက်ပြီ
by -
မဇ္ဈိမ
NCA စာချုပ် ချုပ်ဆိုပြီး ရက်ပေါင်း(၆၀)အတွင်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်မည့်လူဦးရေအချိုးအစားကို နေပြည်တော်တွင် နှစ်ရက်ကြာ ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၏ အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။

နေပြည်တော်ရှိ Horizon Lake View Hotelတွင် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၁၅ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပသော UPDJC ၏ သုံးကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်မည့် ကိုယ်စားလှယ်အချိုးအစားမှာ အစိုးရမှ ရ၅ဦး၊ လွှတ်တာ်မှ ရ၅ ဦး၊ အစိုးရတပ်မတော်မှ ၁၅၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ၁၅၀ဦး၊ နိုင်ငံရေး ပါတီများမှ ၁၅၀ဦး၊ တိုင်းရင်းသားခေါင်းဆောင်ကိုယ်စားလှယ် ၅၀ဦးနှင့် အခြားဖိတ်ကြားသူ ၅၀ဦး အဖြစ် အတည်ပြုလိုက်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက UPDJC အစည်းအဝေးအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အစောပိုင်းမှာတုန်းကတော့ အရေအတွက်တွေက ပုံစံမျိုးစုံနဲ့ အဆိုပြုပေမယ့် နောက်ဆုံးမှာတော့ အားလုံးက အတည်ပြုနိုင်တဲ့ အတွက် ဒါကိုကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့တယ်”ဟု ဦးလှမောင်ရွှေက မီဒီယာများကို ပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် ဦးလှမောင်ရွှေအပါအဝင် NLDပါတီမှ ဦးဉာဏ်ဝင်းနှင့် ချင်းအမျိုးသား တပ်ဦးမှ ဒေါက်တာဆလိုင်းလျန်မှုန်း တို့လည်း တက်ရောက်ကြသည်။

“တော်တော်လေး အခက်အခဲတွေနဲ့ကြံုရပါတယ်။ ဒါပေမယ့် အားလုံးက ဒီတိုင်းပြည်မှာ ငြိမ်းချမ်းရေး လိုလားတယ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လိုလားတယ်။ ဒါတွေကို အပျက်မခံဘူးဆိုတဲ့ ခံယူချက်နဲ့ ပြီးစီးအောင် ဆောင်ရွက်နိုင် တာ ဖြစ်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ပါတီက ဦးစားပေးမှာ၊ ဦးလှမောင်ရွှေတို့ပြောနေတဲ့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ လုံးဝ အပျက်အစီး၊ အထိအခိုက် မဖြစ်စေလိုဘူး”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

NCAစာချုပ် ချုပ်ဆိုပြီးနောက် ရက်ပေါင်း ၉၀အတွင်းပြုလုပ်ရန်သတ်မှတ်ထားသည့်အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲများကို ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပြုလုပ်သွားမည်ဟုလည်း ဦးလှမောင်ရွှေက ဒီဇင်ဘာ ၁၅ရက်နေ့၊ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...