ပုသိမ်မဲရုံ အမှတ် ၁၅၆ မှ မဲရုံမှူး အားလုံးနှင့် NLD မဲရုံအကူ ကိုယ်စားလှယ်တို့ တရားစွဲခံရ

ပုသိမ်မဲရုံ အမှတ် ၁၅၆ မှ မဲရုံမှူး အားလုံးနှင့် NLD မဲရုံအကူ ကိုယ်စားလှယ်တို့ တရားစွဲခံရ
by -
မဇ္ဈိမ
ပုသိမ်မြို့၊ မဲရုံအမှတ်(၁၅၆)မှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲရုံအကူ ကိုယ်စားလှယ်များအား ပြည်ထောင်စု ကြံ့ခိုင်းရေးပါတီမှ ပြည်သူလွှတ်တော်တွင် ဝင်ရွေးခံသူ ကိုယ်စားလှယ်ဦးဟန်ရီမှ ပုသိမ်မြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် တရားစွဲခဲ့သည်။

"ကျွန်တော်တို့ တရားစွဲခံရတာ သူတို့လူတွေကို အချိန်ကျော်မှ မဲပေးခွင့်မရလို တရားစွဲတာပါ။ ကျွန်တော်တို့ ဒိုင်တွေပါ သူတို့လူတွေခြေညံလိုရှုံးတာကို ကျွန်တော်ကို မသမာတယ်ဆိုပြီး တိုင်ကြားခြင်း ဖြစ်ပါတယ်"ဟု မဲရုံမှူး ဆရာဦးဝင်းနိုင်က တိုင်ကြာခံရမှုအား မဇ္ဈိမသို့ ပြောသည်။

"မဲရုံမှာ ရွေးကောက်ပွဲဥပဒေအတိုင်းပဲ ဆောင်ရွက်ခဲ့တာပါ။ ၄ နာရီတိတော့ ကျွန်တော်ကိုယ်တိုင် အော်ပါတယ်။ နောက် မဲရုံကိုယ်စားလှယ်တယောက်က အော်ပါတယ်။ ကျွန်တော်တို့မဲရုံမှာ NLD ပါတီက နေရာစုံနိုင်ခဲ့တယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှ ပြည်သူလွှတ်တော်ကိုယ်စားလှယ်၏ မဲရုံကိုယ်စားလှယ် ဦးဟန်ရီမှာ ပုသိမ်မြို့၊မဲရုံအမှတ် ၁၅၆ မှမဲရုံမှူး၊ ဒုမဲရုံမှူး၊ NLD ပါတီ မဲရုံကိုယ်စားလှယ်၃ဦးအား ပုသိမ် မြို့နယ် တရားရုံးတွင် အမှုအမှတ် ၂၇၈၇/၂၀၁၅ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ ပုဒ် ၅၉(ဈ)၊၆၁(က)(ခ)များဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တရားစွဲထားပြီး၊ ရုံးချိန်အား ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြန်လည် ချိန်းဆိုထားသည်။

"ကျွန်မတို့ မဟုတ်မမှန်တိုင်ကြားလို့ ဦးဟန်ရီ ကိုလည်း ပြန်လည်း တရားစွဲဆိုထားပါတယ်။ မဲရေတွက်ချိန်မှာ မတ်တပ်ရပ်ပြီး တာလီမှတ်လို့ဆိုပြီး အမှုဖွင့်ခံရတာ"ဟု ပုသိမ်မြို့၊ လင်းကွင်းကြီး ကျေးရွာနေ အမှုဖွင့်ခံရသူဒေါ်ယဉ်ချစ်မှ အပြန်အလှန် တရားစွဲထားကြောင့် မဇ္ဈိမသို့ ပြောသည်။

ပြည်ထောင်စုကြံခိုင်ရေးပါတီမှ မဲရုံကိုယ်စားလှယ် ဦးဟန်ရီအား အမှုနှင့်ပတ်သက်ပြီး မေးမြန်းရာ ဖြေဆိုရင် ငြင်းဆိုခဲ့ သည်။ ပြည်ထောင်စု ကြံခိုင်ရေးပါတီမှ ဦးဟန်ရီအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ခ)၊ ၅၉ (ဈ) နှင့် ၆၄ တို့ဖြင့် တရားစွဲထားသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၇၊၅၈(ခ)၊၅၉(ဈ)၊၆၁(က)(ခ)ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထောင်ဒဏ် ၁နှစ်၊ ငွေဒဏ် တစ်သိန်းချမှတ်နိုင်ပြီး ဒဏ်နှစ်ရပ်လုံးလည်းချမှတ်နိုင်ပြီး၊ ပုဒ်မ ၆၄ မဟုတ်မမှန် တိုင်ကြားပြစ်မှုထင်ရှာစီရင်ခံရလျှင် ထောင်ဒဏ် ၃နှစ်ထက်မပို၊ ငွေဒဏ် သုံးသိန်းထပ်မပို ချမှတ်နိုင်ပြီး၊ ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...