အနိမ့်ဆုံး လုပ်ခလစာက အလုပ်သမားများအတွက် အကျိုးသက်ရောက်မှု မရှိ

အနိမ့်ဆုံး လုပ်ခလစာက အလုပ်သမားများအတွက် အကျိုးသက်ရောက်မှု မရှိ
by -
မဇ္ဈိမ
တွေ့ဆုံဆွေးနွေးမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် အနိမ့်ဆုံးလုပ်ခလစာ တစ်နေ့ ၃၆၀၀ ကျပ်ကို သတ်မှတ်နိုင်ခဲ့သော်လည်း အလုပ်သမားများအတွက် အကျိုးသက်ရောက်မှု မရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။

လွန်ခဲ့သည့် လေးလက အနိမ့်ဆုံးလုပ်ခလစာကို အစိုးရက သတ်မှတ်ပေးခဲ့သော်လည်း အလုပ်သမား တစ်ဦးချင်းစီအတွက် ရပ်တည်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း၊ တစ်နေ့ ၃၆၀၀ ကျပ် သတ်မှတ်ပြီး နောက်ပိုင်း အလုပ်ရှင်များဘက်မှ အချိန်ပိုကြေး လျှော့ ချမှုအပါအဝင် ကြိုပို့ ဖယ်ရီများပါ ဖြတ်တောက် မှုရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ မသက်သက်အောင် က ပြောသည်။

နိုင်ငံတကာတွင် အနိမ့်ဆုံးလုပ်ခကို ဒေသနှင့် လုပ်ငန်းပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်ထားကြောင်း၊ ဥပဒေတစ်ခုကို စနစ်တကျပြင်ဆင်ပြီး ပြဌာန်းသင့်ကြောင်း အချိန်တိုတိုအတွင်းမှာ တွန်းအားပေး လုပ်ဆောင်မှုကြောင့် အဆင်မပြေတာများ ရှိကြောင်း Myanmar Makro Industry ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမိုးမြင့်ကျော်က ထောက်ပြပြော ဆိုသည်။

"တစ်နိုင်ငံလုံး အားလုံး လုပ်ငန်းပေါင်းစုံ အကုန်လုံးကို တစ်သတ်မှတ်ထဲ ပြဌာန်းလိုက်တဲ့ ဟာကြီး ကတော့ ကျတော်တို့ နည်းနည်း ထူးဆန်းနေတယ်"ဟု ၎င်းက ဆိုသည်။ လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံက အနိမ့်ဆုံးလုပ်ခလစာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံထက် ငါးဆလောက် နည်းနေပြီး မြန်မာ နိုင်ငံ၏ စီးပွားရေးမှာလည်း ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းတွေက နည်းပါးကာ အများစုက လက်ခစား စနစ်ကုန်ထုတ်လုပ်ငန်းတွေက များနေသည်ကို တွေ့ရသည်။

လုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်ပနိုင်ငံတွေက ကမ်းလှမ်းသည့် အပ်ထည်များအပေါ်မှာ မှီခိုနေရ တာဖြစ်ပြီး တည်ငြိမ်သည့် စျေးကွက်တစ်ခု မဟုတ်သေးတဲ့ အချိန်လည်းဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ပိုပြီး လိုအပ်နေပြီး လုပ်သားအင်အား အများအပြား အသုံးပြုရသည့် ကုန်ထုတ်လုပ်ငန်း များမှ ပြည်တွင်းစီးပွားရေးကို မြှင့်တင်ဖို့ လိုအပ်နေကြောင်း စီးပွားရေး ပညာရှင်များက ဆိုသည်။

"ကုန်စျေးနှုန်းတက်လာရင် အနိမ့်ဆုံးက မလောက်နိုင်ဘူးပေါ့၊ ဒီလုပ်ခဆိုတာက အလုပ်သ မားတွေရဲ့ စားဝတ်နေရေး အလုပ်သမားတွေရဲ့ လူနေမှုအဆင့်တန်း လူနေမှု ကုန်ကျစရိတ်ဆိုတာနဲ့ တွက်ရ တယ်။ သူတို့စားလို့ လောက်မလောက် အခု ၃၆၀၀ နောက်နှစ်ဒီလိုပဲ။ ဒေါ်လာစျေးတွေ ထပ်တက် နေမယ်။ ကုန်စျေးနှုန်းတွေ ဆက်တက်နေမယ်ဆိုရင် နည်းတဲ့သဘော ရှိတယ်။" စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်သည်။

နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများက ပြည်တွင်းက လုပ်သားစားရိတ် အနည်းအများအပေါ် မူတည်ကာ ဝင်ရောက်နိုင်သည့် အခြေအနေဖြစ်သည့် အတွက်ကြောင့် အစိုးရအနေဖြင့် နှစ်ဦးနှစ်ဘက် အကျိုးရှိ မည့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နို်င်ရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...