"သတ်မှတ်ချိန် ထပ်နောက်ကျတာ၊ အသုံးစရိတ်မတင်ပြတာဆိုရင် မတင်ခင်မှာ အထပ်ထပ် သတိပေးတယ်။ ညွန်ကြားချက်အရဆိုရင် အရည်အချင်းပျက်ယွင်းသူအဖြစ် တိုင်း၊ ပြည်ထောင်စု ကော်မရှင် အဆင့်ဆင့်တင်ပြရမှာပါ၊ သူ့ဘက် အယူခံခွင့်ရှိပါတယ်၊ သူ့ဘက် ကျိုးကြောင်းဆီလျော်ရင် တော့ မသတ်မှတ်ပါဘူး။ အခုလည်း ကိုယ်စားလှယ်တွေကို စာနဲ့ကော ဖုန်းနဲ့ကော အကြောင်းထားပါ တယ်"ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၈၀(ဃ)တွင် ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းတင်သွင်းရန် ပျက်ကွက်သည့်လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် များအား အရည်အချင်း ပျက်ယွင်းသူအဖြစ်ကြေညာ သင့်ကြောင်း တင်ပြချက် ထည့်သွင်းဖော်ပြထားသည်။
ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူလွှတ်တော်ဝင်ရောက်ယှဉ်ပြိုင်သူများထဲမှ ရ ဦး၊ အမျိုးသားလွှတ်တော်မှ ဝင်ရောက်ယှဉ်သူများထဲမှ ၃ ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တွင် ဝင်ရောက်ယှဉ်ပြိုင်သူများ ထဲမှ ၁၁ ဦးသာ ရွေးကောက်ပွဲအသုံးစရိတ်ကို လာရောက်တင်ပြခဲ့ ကြောင်း ဦးရဲဖေက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူလွှတ်တော်ဝင်ရောက်ယှဉ်ပြိုင်သူများထဲမှ ရဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တွင်ဝင် ရောက်ယှဉ်ပြိုင်သူများထဲမှ ၁ဦးသာ ရွေးကောက်ပွဲအသုံးစရိတ်ကို လာရောက်တင်ပြခဲ့ကြောင်း ဦးရဲဖေက ပြောသည်။
တိုင်းဒေသကြီး(သို့)ပြည်နယ် ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှေက်ခံရသည် လွှတ်တော် ကိုယ်စားလှယ် ၏အမည်ကြေညာ သည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများ က ရွေးကောက်ပွဲကုန်ကျစရိတ်ကို တင်ပြရမည်ဖြစ်သည်။







