လာမည့်အစိုးရသစ် ဖြေရှင်းပေးစေလို၍ သိမ်းဆည်းခံမြေအတွက် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်

လာမည့်အစိုးရသစ် ဖြေရှင်းပေးစေလို၍ သိမ်းဆည်းခံမြေအတွက် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်
by -
မဇ္ဈိမ
၁၉၉၆ ခုနှစ်ကတည်းက ငပလီကမ်းခြေရှိတပ်သိမ်းမြေများ အရေးကိစ္စကို လာမည့် အစိုးရသစ် အနေဖြင့် ဖြေရှင်းပေးစေလို၍ နိုဝင်ဘာ ၂၃ ရက်နေ့၊ နံနက် ၉ နာရီတွင် သံတွဲမြို့ နံတော်တောင်ခြေမှ စတင်၍ လေယာဉ်ကွင်း၊ ပင်လယ်ကမ်းခြေမှတဆင့် ငပလီလမ်းဆုံသို့  ညနေ ၅ နာရီအထိ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သူ ကိုစိုးဝေက ပြောကြားသည်။

ယင်းမြေများပေါ်တွင် ခရိုနီများက ဟိုတယ်ကြီးများဆောက်လုပ်ထားကြပြီး မြေပိုင်ရှင်များ၏ မျိုးဆက်များ ဆင်းရဲဒုက္ခများဖြင့်ကြုံတွေ့နေ ရသော ကြောင့် ယင်းမြေများအား ပြန်လည်ရရှိစေရေး ဆန္ဒထုတ်ဖေါ်မှုတစ်ခု သံတွဲမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ကျွန်တော်တို့တိုင်းပြည် နိုင်ငံရေးအခြေအနေက အခုရွေးကောက်ပွဲမှာ ပြည်သူတွေက အုပ်ချုပ်ဖို့ အာဏာကို အန်အယ်လ်ဒီအဖွဲ့ချုပ်ဆီ ပေးလိုက်ပြီပေါ့ဗျာ။ လွှတ်တော်ထဲကို မကြာခင် ရောက်တော့ မယ့်၊ အစိုးရသစ်ဖွဲ့တော့မယ့် အန်အယ်လ်ဒီကို  ဒီပြဿနာတွေ ဖြေရှင်းပေးနိုင်ဖို့အတွက် ကျွန်တော်က နှိုးဆော်လိုက်တာပေါ့ဗျာ"ဟု ဆန္ဒထုတ်ဖေါ်သူ ကိုစိုးဝေက မဇ္စျိမသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD )သည် ပြည်သူများ၏ တရားမျှတမှုအတွက် နှစ်ပေါင်း ၃၀ နီးပါး ဒုက္ခအမျိုးမျိုးခံကာ တော် လှန်ခဲ့သော ပါတီဖြစ်သောကြောင့် အကောင်းဆုံးနည်းလမ်းများ ရှာဖွေကာ ဖြေရှင်းပေးမည်ဟု ယုံကြည်ကြောင်း၊ ငပလီကမ်းခြေအား အကြောင်းပြုကာ ဆန္ဒထုတ်ဖော်သော် လည်း နောင်တက်လာမည့် အစိုးရသစ်အနေဖြင့် တစ်တိုင်းပြည်လုံးရှိ သိမ်းဆည်ခံမြေပိုင်ရှင်များ၏ မျိုးဆက်များ မြေမဲ့မှုအခြေအနေမှ အချိန်မီဆွဲတင်ပေးစေချင်ကြောင်း ၎င်းက ပြောသည်။

ကိုစိုးဝေသည် ငပလီကမ်းခြေရှိ သိမ်းဆည်းခံမြေများ ပြန်လည်ရယူနိုင်ရန် ၂၀၁၃ ခုနှစ်အတွင်း ၃ ကြိမ် ဆန္ဒထုတ်ဖေါ်ခဲ့ပြီး ခွင့်ပြုမိန့်မရသောကြောင့် ထောင်ဒဏ် ၃လစီဖြင့် စုစုပေါင်း ၉လ၊ ၂၀၁၄ခုနှစ် တွင် တစ်ကြိမ်ဆန္ဒထုတ်ဖေးခဲ့ရာ ထောင်ဒဏ် ၃လ စုစုပေါင်း ၁၂လ အကျခံခဲ့ရသူဖြစ်သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...