ဦးရွှေမန်းကို ကာကွယ်ရေးဝန်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားစီတွေ့ဆုံ

ဦးရွှေမန်းကို ကာကွယ်ရေးဝန်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားစီတွေ့ဆုံ
by -
မဇ္ဈိမ
ပြည်ထောင်စု လွှတ်တော်နာယက၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နိုဝင်ဘာ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းတွင် တွေ့ဆုံခဲ့ခြင်းကြောင့် လေးရက်အတွင်း နှစ်ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်လာခဲ့သည်။

SMSYဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှုကို အသေးစိတ် ထုတ်ဖေါ်မပြောသော်လည်း ဦးရွှေမန်းထံ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်လည်း တွေ့ဆုံခဲ့သေးသည်ဟု ပြည်သူ့လွှတ်တော်ရုံးမှ အရာရှိက ပြောသည်။

"မနက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတာနဲ့၊ ကာကွယ်ရေး ဝန်ကြီးနဲ့ တွေ့တာ အဲဒါအပြီး အခုတော့ ထမင်း စားနားနေပါတယ်။ တွေ့တဲ့ အကြောင်းအရာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့သလိုပဲ၊ အကြောင်းအရာကိုတော့ ရုံးက မသိရပါဘူး။ ကာကွယ်ရေးဝန်ကြီး လာတွေ့တာပါ။ လွှတ်တော် အစီအစဉ်မှာတော့ ဒုဝန်ကြီး အစီအစဉ်ပဲ ပါတာပါ"ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိန်ဝင်းတို့ကို ပြည်သူ့ လွှတ်တော်ဥက္ကဌ ရုံးတွင် ဆက်တိုက် တွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။ ယနေ့ မနက်နှစ်ဦးလုံးနှင့် တွေ့ဆုံဆွေးနွေးမှုကို အတည်ပြု သိရှိရသော်လည်း ဆွေးနွေးသည့် အကြောင်းအရာနှင့် ကြာမြင့်ချိန်တို့ကိုမူ ခန့်မှန်း ပြောဆိုနိုင်ခြင်း မရှိကြောင်းလည်း ယင်း အမည်မဖော်လိုသူ အရာရှိကဆိုသည်။

သူရဦးရွှေမန်းက နိုဝင်ဘာ ၁၉ရက်နေ့ကလည်း ၂၀၁၅ရွေးကောက်ပွဲ အနိုင်ရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ၂နာရီကြာ တွေ့ဆုံ ဆွေးနွေးထားသည်။

နိုဝင်ဘာ ၁၉ ရက် တွေ့ဆုံမှုအပြီးတွင် နှစ်ဦးပေါင်း ကြေညာချက် တစ်စောင် ထုတ်ပြန်ရာတွင် “လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ၊ အခြားအရေးကြီးသော လုပ်ငန်းတာဝန်များအတွက် ညိနှိုင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် ယုံကြည် လေးစားပြီး သယဇာတဖြစ်သော အစဉ်အလာကောင်းများ ချမှတ်နိုင်ရန်” တွေ့ဆုံခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...