ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခန့် အရေးပေါ် အကူအညီလိုအပ်

ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခန့် အရေးပေါ် အကူအညီလိုအပ်
by -
မဇ္ဈိမ
ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ပြည်သူ တစ်သောင်းခန့်မှာ အရေးပေါ် အကူအညီ လိုအပ်နေကြာင်း လာရှိုးအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် အလုပ်အမှုဆောင် စိုင်းဆိုင်မိန်းက မဇ္စျိမသို့ ပြောသည်။

အထူးသဖြင့် စစ်ဘေးရှောင်ရွာများဖြစ်သည့် တူယားရွာတွင် ဒုက္ခသည် ၃၂၃ ဦးနှင့် ၀မ်ဝါ့ရွာတွင် ၉၄၇ ဦး ရှိပြီး လတ်တလောအခြေအနေတွင် စားစရာပြတ်လပ်သည် အထိဖြစ်နေသည်ကြောင်း၊ သောက်သုံးရေ၊ အိမ်သာ အခက်ခဲများဖြစ်နေပြီး စောင်ခြင်ထောင်များလည်း လိုအပ်နေကြာင်း ၎င်းက ပြောသည်။

"စားစရာနှစ်ပတ်စာလောက်ကျန်မယ်"ဟု စိုင်းဆိုင်မိန်းက ပြောဆိုသည်။

မိုင်းရှူးမြို့တွင် စစ်ဘေးရှောင်စခန်း ၃ခုဖွင့်လှစ်ထားပြီး ဒုက္ခသည် ၁၀၀၀ ကျော်ရှိနေကြောင်း၊ ဟိုက်ပါရွာက စခန်းတွင် ဒုက္ခသည် ၁၅၀၀ကျော်ရှိကြောင်း၊ တချို့သူများကလည်း စခန်းများသို့ လာရောက်ခြင်းမရှိဘဲ နီးစပ်ရာနေရာများတွင် ခိုလှုံနေသူများရှိကြောင်း၊ သိန္နီမြို့အခြေစိုက် မြန်မာနိုင်ငံလုံဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် အလုပ်အမှုဆောင် စိုင်းဝမ်းလှိုင်က ပြောသည်။

"ဝမ်ဆော့ရွာစခန်းက ဗုံးကျဲလို့ ထိပြီး ပျက်သွားပြီ"ဟု စိုင်းဝမ်းလှိုင်းက ပြောသည်။

စစ်ဘေးရှောင်စခန်းများကို မိုင်းရှူးမြို့၊ ဝမ်ဝရွာ၊ လဲချားမြို့ဟိုက်ပါရွာ၊ ဝမ်စိမ်းရွာ တို့ဝင်ဖွင့်လှစ်ထားပြီး လတ်တလောအခြေအနေထိ ဒုက္ခသည်များ လာရောက်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...