ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၍ ဒုက္ခသည်တိုး

ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၍ ဒုက္ခသည်တိုး
by -
မဇ္ဈိမ
အစိုးရတပ်မတော်နှင့် ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲများပိုမိုပြင်းထန်လာသည့်အတွက် စစ်ဘေးဒုက္ခသည် ဦးရေသောင်းချီ တိုးပွားလာကြောင်း ရှမ်းပြည်တိုးတတ်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ပြေးဒုက္ခသည်များသည် တိုက်ပွဲပြင်းထန်လာသောကြောင့် အိုးအိမ်များ လယ်ယာမြေများကို စွန့်ပစ်ရွေ့ အိမ်းလုံးကျွတ် ရွာလုံးကျွတ် စစ်ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လယ်သမားများလည်း ကောက်ရိတ်သိမ်းနိုင်မှုမရှိဘဲ ထောင်နှင့်ချီသော ကျောင်းသားများသည်လည်း ကျောင်းမတတ်နိုင်ဘဲ အခွင့်ရေးဆုံးရှုံးနေရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုဝင်ဘာ ၁၈ ရက်နေ့၊ နံနက်လေးနာရီခန့်က ရှမ်းပြည်တပ်မတော် SSPP/SSA ကျူမောက်စခန်းဘက် မှ လက်နက်ကြီးဖြင့် လေးချက် ခန့် ပစ်ခတ်ခဲ့ပြီး ပန်ဝိုးရွာအနီး ကောင်းမှူးရတိုက်တွင် နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၁၇ရက်နေ့က တပ်မတော်ဘက်မှ ဂျက်လေယာဉ် ၄ စီးဖြင့် နေ့လည် တစ်နာရီခန့်မှ စပြီး သုံးနာရီကြာဗုံးကျဲတိုက်ခိုက်ခဲပြီး ရှမ်းပြည်တပ်မတော် SSPP/SSA ဘက်က ဝမ်ဟိုင်းအရှေ့ဘက်ရှိ ကျူမောက်ခေါင်စခန်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နိုဝင်ဘာ ၁၆ ရက်နေ့တွင် တပ်မတော်ဘက်မှ ဂျက်တိုက်လေယဉ်နှစ်စီး၊ ဟယ်ရီကော်ပရာ ၆ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး မိုင်းရှူးမြို့နယ် ဝမ်ဆော့ရွာတောင်ဘက်ရှိ SSPP/SSA မှ အခြေကုပ် ယူထားသည့် နေရာများသို့ မိုးချုပ်သည်အထိအကြိမ်ကြိမ်ချီတတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...