အမျိုးသားပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ နိုဝင်ဘာ ၁၉ရက်တွင် တွေ့မည်

အမျိုးသားပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ နိုဝင်ဘာ ၁၉ရက်တွင် တွေ့မည်
by -
မဇ္ဈိမ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့က နိုဝင်ဘာ ၁၉ရက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံဆွေးနွေးရန် တွေ့ဆုံမည်ဟု ပြည်သူ့လွှတ်တော်ရုံး အမည်မဖော်လိုသည့် တာဝန်ရှိသူမှ သိရသည်။

"သမ္မတနဲ့၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့တွေ့မှာက သူတို့ အစီအစဉ်နဲ့ သူတို့တွေ့မှာ၊ ၁၉ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော်ရုံး မှာနာယကကြီးနဲ့ တွေ့မှာပါ"ဟု ၎င်းက အတည်ပြုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ နိုဝင်ဘာ ၁၅ရက်က နံနက် ၁၀နာရီက သွားရောက်တွေ့ဆုံခဲ့သည်ဟု သူရဦးရွှေမန်းက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ပြည်သူ့လွှတ်တော်တွင် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်းအား နှိမ့်သိမ့် အားပေးခဲ့သလို ဒီမိုကရေစီနည်းလမ်းကျကျ ရွေးကောက်ပွဲ ရလာဒ်ကို စောလျင်စွာ လက်ခံမှုကို လေးစားဂုဏ်ပြုကြောင်း ပြောကြား ခဲ့သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံရန် တောင်းဆိုထားမှုကိုလည်း နိုဝင်ဘာ ၁၉ရက် နံနက် ၉နာရီတွင် တွေ့ဆုံရန် အကြောင်းပြန်ခဲ့သည်ဟု သူရဦးရွှေမန်းက ဆိုသည်။

နိုဝင်ဘာ ၁၅ရက်က တွေ့ဆုံဆွေးနွေးမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ခိုင်ဖြိုးပါတီ အပါအဝင် အခြားပါတီကိုယ်စား လှယ်များ နှင့်အတူ ဒီမိုကရေစီလုပ်ငန်းများ အောင်မြင်အဆင်ပြေစွာ ဆောင်ရွက်ရေးအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး လွှတ်တော်ကိစ္စရပ်များကို အောင်မြင်အဆင်ပြေစွာ ဆက်လက်ဆောင်ရွက်ရန် သူရဦးရွှေမန်းအား ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၀ရက် ညပိုင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားအခြေခံဆွေးနွေးရန်၊ သမ္မတ၊ ကာချုပ်နှင့် ပြည်ထောင်စုလွှတ်တော်နာယကတို့ထံ စာရေးသားပေးပို့ ပန်ကြားခဲ့ခြင်းဖြစ်သည်။

သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်မှ ထုတ်ပြန်နေသည့် ရွေးကောက်ပွဲ ရလဒ်များထုတ်ပြန်ပြီးစီးသည့်အချိန်တွင် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်သို့ အကြောင်းပြန်ထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...