ဦးသိန်းစိန်ကို သမ္မတအိုဘားမား ဖုန်းဆက်စဉ် အစိုးရသစ်ကိုနိုင်ငံ့တာဝန်များ ငြိမ်းချမ်းစွာ လွှဲပြောင်းပေးမည်ဟု ထပ်မံကတိပြုခဲ့

ဦးသိန်းစိန်ကို သမ္မတအိုဘားမား ဖုန်းဆက်စဉ် အစိုးရသစ်ကိုနိုင်ငံ့တာဝန်များ ငြိမ်းချမ်းစွာ လွှဲပြောင်းပေးမည်ဟု ထပ်မံကတိပြုခဲ့
by -
မဇ္ဈိမ
သမ္မတဦးသိန်းစိန်ထံ အမေရိကန်သမ္မတ အိုဘားမားက နိုဝင်ဘာ ၁၂ရက်နေ့၊ နံနက် ၈နာရီခွဲက ဖုန်းဆက်တဲ့အကြောင်း သမ္မတရုံး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သမ္မတဦးသိန်းစိန်ကလည်း အစိုးရ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နိုင်ငံရေး ပါတီများနှင့် ပြည်သူများအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်ခဲ့မှုများကြောင့်   ရွေးကောက်ပွဲကြီး တည်ငြိမ်အေးချမ်းစွာ ဆောင်ရွက်နိုင်ခဲ့သည်ကို ဂုဏ်ယူသည်ဟု ပြန်လည်ပြောကြားခဲ့သည်။

ရွေးကောက်ပွဲလွန် ကြားကာလတွင်လည်း တည်ငြိမ်အေးချမ်းမှု ရှိစေရန် အရေးကြီးပြီး ၎င်းအနေဖြင့် ပါတီများ နှင့် တွေ့ဆုံရန် ညှိနှိုင်းရန် အစီအစဉ်ရှိသည်ဟု ပြောကြားခဲ့သည်။ ယင်းအပြင် သတ်မှတ် ကာလအတွင်း အစိုးရသစ်ကို နိုင်ငံ့တာဝန်များ အေး ချမ်းတည်ငြိမ်စွာ လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဟု အိုဘားမားကို သမ္မတဦးသိန်းစိန်က ကတိပြု ပြောကြားခဲ့သည်။

သမ္မတ အိုဘားမားကမူ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကိုု အောင်မြင်စွာ ကျင်းပနုုိင်သည့်အတွက် နုုိင်ငံတော် သမ္မတနှင့် အစိုုးရအဖွဲ့ကုုိ ချီးကျူးဂုုဏ်ပြုကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်မှုသည် သမ္မတကြီးအနေဖြင့် ဂုုဏ်ယူရမည်ဖြစ်ပြီး သမိုုင်းမှတ်တိုုင် တစ်ရပ်ဖြစ်ကြောင်း၊ သမ္မတကြီး ရဲဝ့ံစွာ ဖော်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များသည် မြန်မာနုုိင်ငံ အတွက် ထူးခြားပြောင်မြောက်သော အနာဂတ်ကိုု ဖော်ဆောင်နိုုင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်နုုိင်ငံ အနေဖြင့် မြန်မာအစိုုးရနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။

အမေရိကန်နိုင်ငံ အနေဖြင့် အစိုးရသစ် တာဝန်မယူမီ ကာလအတွင်း လိုအပ်သည်များကို မြန်မာနိုင်ငံ အစိုးရနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပြည်သူများ၏ တည်ငြိမ် အေးချမ်းမှုနှင့် ချမ်းသာကြွယ်ဝမှုအတွက်လည်း ပိုမို ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု သမ္မတရုံးက ထုတ်ပြန်ထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...