သျှမ်းသံတော်ဆင့် တည်ထောင်သူ ဦးစိန်ကြည် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် သျှမ်းသံတော်ဆင့်ဝိုင်းတော်သားများ ဆွမ်းကပ်အလှူပြု

သျှမ်းသံတော်ဆင့် တည်ထောင်သူ ဦးစိန်ကြည် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် သျှမ်းသံတော်ဆင့်ဝိုင်းတော်သားများ ဆွမ်းကပ်အလှူပြု
by -
သျှမ်းသံတော်ဆင့်
စက်တင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်သော သျှမ်း(ရှမ်း)သံတော်ဆင့်သတင်းဌာန စတင်တည်ထောင်သူ ဦးစိန်ကြည် (ခေါ်) စိုင်းရှဲန်ဇင့် (ခေါ်) ဆခဟ ကွယ်လွန်ခြင်း ၆ နှစ်ပြည့်မခါသမယ ဦးစိန်ကြည်အားရည်စူးကာ သျှမ်းသံတော်ဆင့်ဝိုင်းတော်သားများက ချင်းမိုင်မြို့ ၀ပ်ပါပေါက်ဘုန်းကြီးကျောင်းတွင်ဆွမ်းကပ်အလှူပြုခဲ့ကြသည်။

အလားတူ ဦးစိန်ကြည်၏ ကျန်ရစ်သူမိသားစုကလည်း ချင်းမိုင်ခရိုင် ၀ိန်းဟိုင်မြို့နယ် လတ်တိုင်ရွာရှိ ၀ပ်ဖာ့ဝိန်းအင်းကျောင်းတိုက်တွင် ဆွမ်းကပ်လှူဒါန်းမှုပြုလုပ်ခဲ့သည်။

သျှမ်းသံတော်ဆင့်သတင်းဌာန လက်ထောက်အယ်ဒီတာ ၊ အမျိုးသား လွတ်မြောက်ရေး တေးသီချင်းများပိုင်ရှင် ဦးစိန်ကြည် (ခ) ဆခဟ သည် စက်တင်ဘာလ ၁၅ ရက် ၂၀၁၁ ခုနှစ်က အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည် ။

ဆခဟ သည် သျှမ်း၊ ဗမာ၊ အင်္ဂလိပ် တေးသီချင်း ပေါင်း ၃၀၀ ကျော်ရေးသားပြီး ကိုယ်တိုင်သီဆိုထားသည့် အပုဒ်ရေ ၁၂၀ ကျော်ရှိပါသည် ။

sakaha 6th anniversay

ဦးစိန်ကြည် မန္တလေးမြို့တွင် ကျောင်းတက်စဉ် နာမည်ကျော်တေးရေးဆရာဒေါက်တာ စိုင်းခမ်းလိတ်နှင့် ခင်မင် ရင်းနှီးခဲ့သည်။

အထက်တန်းကျောင်းအောင်မြင်ပြီး ၁၉၇၄ ခုတွင် တောခိုခဲ့သည်။
တော်လှန်ရေးဘဝမှာ စစ်ရေးအပြင် မိမိတတ်ကျွမ်းသည့် အနုပညာတွေဖြင့်လည်း မြန်မာစစ်အစိုးရကို ဆန့်ကျင်ခဲ့သည်။

ဦးစိန်ကြည်ဟာ သျှမ်းသံတော်ဆင့်သတင်းဌာနကို ၁၉၉၁ ခုနှစ်တွင် သျှမ်းပြည်တပ်မတော်MTA ချုပ်ကိုင်မှုမှ ခွဲထွက်ပြီး လက်ရှိ သျှမ်းအယ်ဒီတာချုပ် ဦးခွန်စိုင်းနှင့်အတူ ပြန်လည်တည်ထောင်ခဲ့သည်။

ဦးစိန်ကြည်ကွယ်လွန်ချိန်အထိ သျှမ်း၊ ဗမာ၊ အင်္ဂလိပ်၊ ထိုင်း ဘာသာဖြင့် နေ့စဉ် သတင်းများထုတ်ပြန်ခဲ့သည် ။

စိုင်းဆဲန်ဇင့် ခေါ် ဆခဟ သည် ၁၉၅၂ ခု နိုဝင်ဘာ ရ ရက်၌ သျှမ်းပြည်အရှေ့ပိုင်း မန်းလိန်းနယ် မန်းဆိုင်ကျေးရွာအုပ်စု မန်းဆိုင်ရွာ (ယခု ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး အတွင်းတည်ရှိ) ၌ မွေးဖွားခဲ့သည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...