သထုံနှင့်ဘီးလင်းမှာ မွန်ပြည်နယ်မြို့ဝင်ကြေးအများဆုံးကောက်ခံရရှိ

သထုံနှင့်ဘီးလင်းမှာ မွန်ပြည်နယ်မြို့ဝင်ကြေးအများဆုံးကောက်ခံရရှိ
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်မှာ မြို့ဝင်ကြေးများကို စည်ပင်သာယာရေးအဖွဲ့က ဇွန်လမှ စတင်ပြီး တိုက်ရိုက်ကောက်ခံခဲ့ပြီး ဇွန်လ ဒုတိယအပတ်မှ  သြဂုတ်လကုန်အထိ  သုံးလအတွင်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့မှာ အများဆုံးကောက်ခံရရှိခဲ့ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သတင်းရရှိသည်။

သုံးလအတွင်း မြို့ဝင်ကြေး  ၃၇၄၉ ဒသမ ၀၃  ကျပ် ရရှိခဲ့ပြီး သထုံမြို့နယ်မှာ ၈၉၃ ဒသမ ၀၉ ကျပ်ဖြင့် အများဆုံးဖြစ်ပြီး ဘီးလင်းမြို့နယ်က ၆၄၉ ဒသမ ၉၇ ကျပ်ဖြင့် ဒုတိယအများဆုံး ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “မြို့ဝင်ကြေးကောက်ခံရငွေတွေကို ကျွန်တော်တို့ လမ်းတွေခင်းတယ်။ ရေပေးဝေရေးတို့ သန့်ရှင်းရေးကိစ္စတို့ စသဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုပါတယ်။လာမယ့် ပွင့်လင်းရာသီဆိုရင် သမိန်ဗရမ်းလမ်း၊ သာသနာ့ဗိမာန်လမ်းနဲ့ အာမခံတြိဂံကနေ ပတ္တမြားကုန်းဆင်းတောင်ဝိုင်းလမ်းတွေကို နိုင်လွန်ကတ္တရာခင်းဖို့ စီစဉ်နေပါတယ်။”ဟု ပြောကြားသည်။

မြို့ဝင်ကြေးကောက်ခံမှုကို ယခင်က ရွှေသံလွင် နှင့် အေးကို ကုမ္ပဏီတို့ကို လေလံစနစ်ဖြင့် ပေးခဲ့စဉ်က ၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်ကုန်ပါက  ငွေကျပ် ၅၉၉ သန်း ရရှိမှာဖြစ်ပြီး ယခုအခါ စည်ပင်က တိုက်ရိုက်ကောက်ခံခဲ့ရာ ဘတ်ဂျက်နှစ်အကုန်တွင် သန်း ၉၀၀ နှင့် ၁၀၀၀ ခန့်ရရှိလိမ့်မည်ဟု ဦးမြင့်အောင်က ပြောကြားသည်။

လက်ရှိ ၃  လအတွင်း မြို့ဝင်ကြေး ကောက်ခံမှု စာရင်းများအရ သထုံနှင့် မော်လမြိုင်မှာ အများဆုံးရရှိခဲ့ပြီး  မုဒုံမြို့နယ်တွင် ၆၂၄ ဒသမ ၅၇ ကျပ်၊ ကျိုက်ထိုမြို့နယ်တွင် ၅၃၅ ဒသမ ၆၆ ကျပ်၊ မော်လမြိုင်မြို့နယ်တွင် ၅၀၆  ဒသမ ၃၁ ကျပ်၊ ပေါင်မြို့နယ်တွင် ၁၈၂ ဒသမ ၃၃ ကျပ်၊ သံဖြူဇရပ်မြို့နယ်တွင် ၁၅၆ ဒသမ ၁၅ ကျပ်၊ရေးမြို့နယ်တွင် ၁၂၈ ဒသမ ရ၃ ကျပ်၊ချောင်းဆုံမြို့နယ်မှာ  ၄၉ ဒသမ ၆၆ ကျပ်နှင့် ကျိုက်မရောမြို့နယ်မှာ ၂၂ ဒသမ ၅၆ ကျပ်ရရှိခဲ့သည်။

သို့ရာတွင် ပြည်သူအများ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ကို လျှော့ချသည့်အနေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့ဝင်ကြေး ကောက်ခံသည့်ဂိတ်များကို ပြီးခဲ့သည့် ဇွန်လက ရခိုင်ပြည်နယ်အစိုးရ ဖျက်သိမ်းခဲ့သည်ဟု သိရသည်။

ကုန်စျေးနှုန်းများ မြင့်တက်စေသည့်အကြောင်းအရာများအနက် မြို့ဝင်ဂိတ်ကြေးများ ကောက်ခံခြင်းလည်းပါဝင်နေသည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြသည်။

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...