မီဒီယာကျင့်ဝတ်စံနှုန်းများအရ မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးကော်မတီတွင် သတင်းသမားများမပါ၀င်

မီဒီယာကျင့်ဝတ်စံနှုန်းများအရ မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးကော်မတီတွင် သတင်းသမားများမပါ၀င်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်အစိုးရအဖွဲ့ သတင်းမှန်ပြန်ကြားရေးကော်မတီကို စက်တင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် သတင်းသမားများပါ၀င်ရန် ထည့်သွင်း ဖွဲ့စည်းခဲ့သော်လည်း မီဒီယာကျင့်ဝတ်စံနှုန်းများအရ ယင်းကော်မတီတွင်မပါ၀င်ခဲ့ကြောင်း သိရသည်။
mna1401
မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးကော်မတီဖွဲ့စည်းသည့် ဖိတ်ကြားလွှာ(Copy)

မြန်မာနိုင်ငံတောင်ပိုင်းဂျာနယ်လစ်ကွန်ယက် အမှုဆောင်တစ်ဦးဖြစ်သူ ကိုကျော်စိုးက '' သတင်းသမားတွေ ပါ၀င်ဖို့အတွက် စံနှုန်း၊ ကျင့်ဝတ်တွေရှိတယ်၊ တဖက်ဖက်မှာ ပါ၀င်လိုက်ခြင်းအားဖြင့် ကြားနေဆိုတဲ့ သဘောသဘာဝအရ လွဲသွားတဲ့သဘောသက်ရောက်တာပေါ့၊ ဘက်မလိုက်မှုဆိုတာကလည်း အရေးကြီးတဲ့အချက်တစ်ချက်ပါတယ်၊ ဘက်မလိုက်မှုဆိုတာကလည်း ကြားနေဖို့ ပြောတာပါ၊ ဒါမှလည်းဟိုဘက်သည်ဘက်မြင်နိုင်တွေ့နိုင်မယ်လေ၊ တဖက်ဖက်မှာရပ်နေလိုက်လို့ရှိရင် တဖက်ကိုမမြင်ရမှာစိုးတယ်၊Principle လွဲသွားမှာစိုးရိမ်တဲ့အတွက် မပါ၀င်ခဲ့တာပါ '' ဟု  ပြောသည်။

မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ကြိုဆိုပါကြောင်း၊ မီဒီယာများ၏သဘောသဘာဝကို ရှင်းပြခဲ့ကြောင်းနှင့် သတင်းသမားများအတွက် တာဝန်ခံဖြေကြားဖို့အတွက်သာအရေးကြီးပါကြောင်းလည်း၄င်းက ဆက်ပြောသည်။

'' အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီအနေနဲ့ ကောလာဟာလတွေနဲ့ပတ်သက်လို့ အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ဖို့အတွက်ပဲ အရေးကြီးတာပါ၊ အကြံပြုခဲ့တာက အစိုးရအဖွဲ့မှာလည်း တရားဝင် ၀ဘ်ဆိုဒ်တွေရှိတယ်၊ အချိန်နဲ့တပြေးညီချက်ခြင်းထုတ်ပြန်နိုင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့လုပ်ပေးနိုင်တာပေါ့၊စေတနာမှန်မှန် ရည်ရွယ်ချက်မှန်မှန်နဲ့လုပ်မယ်ဆိုရင် ကောင်းပါတယ်၊ ကြိုဆိုပါတယ် '' ဟု ကိုကျော်စိုးက ဆိုသည်။

အဆိုပါကော်မတီကို နိုင်ငံအဝှမ်းဖြစ်ပျက်နေသော ပြသနာများနှင့်ပတ်သက်ပြီးကောလဟာလများ လူမှုကွန်ယက်များတွင် တွေ့ရကြောင်း၊ ကောလာဟာလများကြောင့်ဆိုးကျိုးများဖြစ်လာနိုင်သည့်အတွက် ကော်မတီဖွဲ့စည်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြံုရေးအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း ကော်မတီဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ယင်းကော်မတီဖွဲ့စည်းရေးအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ အဖွဲ့ဝင် ဦးမြင့်ကျော်က '' မပါသင့်ဘူး၊ အကျီုးစီးပွားချင်း ပဋိပက္ခဖြစ်တယ်၊ တဖက်မှာ ကိုယ်ကသတင်းသမား၊ တဖက်မှာလဲ သတင်းထုတ်ပြန်တဲ့ဘက်ဆိုတော့ သတင်းမီဒီယာနဲ့ပတ်သက်တဲ့ကိစ္စမဟုတ်ဘူး၊ ထုတ်ပြန်ချက်တွေက တစ်ခါတလေမှာ ဘက်လိုက်မှုတွေရှိနိုင်တယ်၊အကျီုးစီးပွားခြင်းငဲ့တာမျိုးဖြစ်နိုင်တယ်၊သတင်းထုတ်ပြန်တဲ့အဖွဲ့ထဲမှာပါနေတာကတော့ သဘာဝမကျဘူး '' ဟုပြောသည်။

အဆိုပါ သတင်းမှန်ပြန်ကြားရေးကော်မတီတွင် မွန်ပြည်နယ်အစိုးရအဖွဲဲ့ဝင် လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ အတွင်းရေးမှူးအဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး၊ အဖွဲ့ဝင်များအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရဲသတင်းတပ်ဖွဲ့၊ပြည်နယ် ပြန်ကြားရေးနှင့်ဆက်ဆံဦးစီးဌာနအစရှိသည်တို့ဖြင့် ဖွဲဲ့စည်းထားသည်ဟု သိရသည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...