မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအနီး တပ်မတော်စစ်ကြောင်းလှုပ်ရှားနေမှုကြောင့် ဒေသခံများစိုးရိမ်မှုဖြစ်

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအနီး တပ်မတော်စစ်ကြောင်းလှုပ်ရှားနေမှုကြောင့် ဒေသခံများစိုးရိမ်မှုဖြစ်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဌာနချုပ်နှင့် အမှတ်(၁) တပ်ရင်း ရုံးစိုက်ရာ ပတ်ဝန်းကျင်အနီးတဝိုက်ဒေသရှိ ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိချောင်းနှင့် ဝင်းရော်ချောင်းနှစ်သွယ်ကြားရှိ မွန်ကျေးရွာအချို့တွင် တပ်မတော်စစ်ကြောင်းများ ဆက်လက်လှုပ်ရှားနေသဖြင့် ဒေသခံများစိုးရိမ်မှုဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါမွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင်၊ မွန်တော်လှန်ရေးနေ့အခမ်းအနားတွင် သေနတ်ဖြင့် စစ်ရေးပြအခမ်းအနား ကျင်းပခဲ့သည်ကိုအကြောင်းပြုပြီး သြဂုတ်လ ၈ ရက်နေ့မှစ၍ တပ်ရင်း ၃ ရင်းခန့်အင်အားရှိ တပ်မတော်စစ်ကြောင်းများ ၄င်းဒေသသို့ဝင်ရောက်လာပြီးနောက် ပြန်လည်ထွက်ခွာခဲ့သော်လည်း တပ်အင်အားအချို့ဆက်လက်ကျန်ရှိနေသေးသည်ဟု ဆိုသည်။

တောင်ပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်စိန်လင်းက “ရွာသားတွေကို သူတို့(စစ်တပ်) အဓိကပြောလိုတာက ဘာမှမကြောက်မလန့်ဖို့နဲ့ စိတ်မပူပန်ဖို့ရယ်၊ ဒီရက်ပိုင်းအတွင်းမှာ သူတို့ပြန်မယ်လို့ပြောတယ်၊ သူတို့စစ်သားတွေ ရွာသားအပေါ် မမှန်မကန်လုပ်ခဲ့မယ်ဆိုရင် တိုင်ကြားပါလို့ဆိုတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

သို့ရာတွင် ၄င်းတို့ကျေးရွာ၌ စစ်သားများတွေ့ရှိနေရသည့်အတွက် ရွာသားများအနေဖြင့် နေထိုင်သွားလာကြရာတွင် လွတ်လပ်မှုမရှိသည်ကို ခံစားနေရကြောင်း ၄င်းကဆက်ပြောသည်။

ဝယ်ကလွန်ရွာသားတစ်ဦးက “ဒီမှာရက်ကြာ ဆက်နေဦးမယ်ထင်ပါတယ်၊ မနေ့(သြဂုတ် ၁၅) က ရိက္ခာတွေ ပို့လာတာမြင်ရတယ်၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ငရုပ်သီးစုံလို့ပါပဲ” ဟု ဆိုသည်။

အဆိုပါ တပ်မတော်စစ်ကြောင်းများသည် လက်ရှိတွင် သံပုရာ-တောင်ပေါက်လမ်းမပေါ်ရှိ ဝယ်ကလွန်ရွာအဝင်ဝတွင်၄င်း၊ တောင်ပေါက်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် လိုင်ကနီကျေးရွာတို့တွင် အခြေပြုလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သမ္မတဦးသိန်းစိန်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ၂၀၁၂ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ပြည်နယ်/ပြည်ထောင်စုအပစ်ရပ်စဲရေးသဘောတူစာချုပ်အရ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အဆိုပါ အင်းခွရွာသည် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဌာနချုပ်နှင့် အမှတ်(၁) တပ်ရင်းရုံးတည်နေရာဟု သိရသည်။

သို့ရာတွင် အစိုးရနှင့် မွန်ပြည်သစ်ပါတီကြားချုပ်ဆိုခဲ့သည့့်စာချုပ်ပါ တပ်တည်နေရာများသည် ဧရိယာနယ်နိမိတ်တိတိ ကျကျဖော်ပြထားခြင်းမရှိသေးသဖြင့် မကြာမီရက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၄င်းကိစ္စရပ်များကိုတွေ့ ဆုံဆွေးနွေးဘွယ်ရှိသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။  

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...