ကြားခံမလိုဘဲ မွန် ၂ ပါတီတိုက်ရိုက်တွေ့ဆုံဆွေးနွေးမည်

ကြားခံမလိုဘဲ မွန် ၂ ပါတီတိုက်ရိုက်တွေ့ဆုံဆွေးနွေးမည်
by -
မင်းသစ္စာခိုင်/ မွန်သတင်းအေဂျင်စီ
 ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင် နေအိမ်တွင် မွန်ပါတီခေါင်းဆောင်များတွေ့ဆုံခဲ့စဉ်(photo: MNA)
ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင် နေအိမ်တွင် မွန်ပါတီခေါင်းဆောင်များတွေ့ဆုံခဲ့စဉ်(photo: MNA)
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသာပါတီ MNP တို့မှ ကိုယ်စားလှယ်တို့သည် ကြားခံအဖွဲ့အစည်းမလိုဘဲ တိုက်ရိုက်တွေ့ဆုံဆွေးနွေးကြမည်ဟု AMDP ပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

“အရင်က ကျနော်မူချထားတာ ကျနော်တို့တိုက်ရိုက် ပြောဆိုကြမယ်။ ဟိုဖက်ကလည်း တိုက်ရိုက်ဆွေးနွေးကြဖို့ ဆက်သွယ်လာတယ်။ တွေ့ဆုံကြမယ်၊ ကျနော်တို့လက်ခံထားတာလည်း တွေ့ဆုံကြမယ်။ ပထမအကြိမ် တွေ့ဆုံကြတဲ့အခါမှာ ပါတီပူးပေါင်းဖို့ ကျနော်တို့ဆွေးနွေးမှာမဟုတ်သေးဘူး။ ဒါပေမယ့် ယုံကြည်မှုတည်ဆောက်ကြရမယ်၊ အဲဒီပုံစံနဲ့သွားရမယ်” ဟု ဒေါက်တာမင်းနွဲစိုးက ဆိုသည်။

AMDP ပါတီမှ နိုင်မောင်မောင်(ရှေ့နေ) ဦးဆောင်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်စံတင် နှင့် နိုင်သန်းရွှေတို့ကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် တာဝန်ပေးထားသည်ဟု သိရသည်။

အလားတူ မွန်အမျိုးသားပါတီ MNP ကလည်း အဖွဲ့ခေါင်းဆောင် နိုင်ချစ်ဦး(ကရင်ပြည်နယ်၊ မွန်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း) နှင့် နိုင်ထောအိန်(နိုင်ဃိုစိုက်)၊ နိုင်မာန်ဂကောင်း(နိုင်မြင့်လွင်) တို့ ၃ ဦးအား ရွေးချယ်တာဝန်ပေးထားသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး နိုင်လယီတမက ဆိုသည်။

နိုင်လယီတမက “ဆိုလိုတာက ညှိနှိုင်းရေးအဖွဲ့က ညှိနှိုင်းရေးလုပ်ငန်း ရပ်ဆိုင်းထားတယ်၊ ညှိနှိုင်းပေးတဲ့ ကြားခံတွေမပါဝင်တော့ဘဲ ပါတီအချင်းချင်း တိုက်ရိုက်တွေ့ဆုံဆွေးနွေးကြမယ်” ဟု ဆိုသည်။

သို့ရာတွင် မွန်ပါတီနှစ်ဖက်ကိုယ်စားလှယ်များ မည်သည့်နေ့ရက်တွင်တွေ့ဆုံမည့်ကို ခေါင်းဆောင်များ ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပေ။

လက်ရှိတွင် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် အမျိုးသမီးပါတီ (မွန်) တို့ တရားဝင်တည်ရှိနေပြီးဖြစ်သည်။ အဆိုပါမွန်ပါတီများပေါင်းစည်းနိုင်ခြင်းမရှိဟုဆိုကာ ကြားအင်အားစုတစ်ခုက မွန်ပါတီသစ်ထူထောင်ရန် ကြိုးပမ်းနေသည်ကို သိရသည််။

Most read this week

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...