ကျောက်မီးသွေး လက်မခံပါက ဖွံ့ဖြိုးတိုးတက်မှုမရှိဟု မွန်ဝန်ကြီးချုပ်ဆို

ကျောက်မီးသွေး လက်မခံပါက ဖွံ့ဖြိုးတိုးတက်မှုမရှိဟု မွန်ဝန်ကြီးချုပ်ဆို
by -
မွန်သတင်းအေဂျင်စီ
ဇွန်လ ၁ ရက်နေ့ မွန်ပြည်နယ်အစိုးရ သတင်းစာရှင်းလင်းပွဲ(MNA)
ဇွန်လ ၁ ရက်နေ့ မွန်ပြည်နယ်အစိုးရ သတင်းစာရှင်းလင်းပွဲ(MNA)
မွန်ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သတ်ပြီး ဇွန်လ ၁ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဟသာင်္ခန်းမ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ကျောက်မီးသွေးကို လက်မခံပါက ဖွံ့ဖြိုးတိုးတက်မှုမရှိဟု ဝန်ကြီးချုပ်က ရှင်းလင်းပြော ဆိုခဲ့သည်။

မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) မှ ကျောက်မီးသွေးနှင့် စက်ရုံလည်ပတ်နေခြင်းဖြစ်ပြီး ကျောက်မီးသွေးအ စား အခြားလောင်စာဖြင့် ပြောင်လဲသုံးစွဲရန်ရှိ/မရှိ သတင်းထောက်၏ မေခွန်းအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြန်လည် ရှင်းပြခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံက “ကျောက်မီးသွေးနဲ့ ထုတ်လုပ်ရင် တစ်ယူနစ် ရ၀ ကျပ်သာကျသင့်မယ်။  ရေအားဖြစ်လျှပ်စစ်က စျေးအပေါ်ဆုံးပဲ။ ဂက်စ်နဲ့ဆိုတစ်ရာနဲ့ နှစ်ဆယ်ကျပ်။  ကျောက်မီးသွေးကိုလက်မခံ ဘူးဆို ရင်တော့ ဖွံ့ဖြိုးမှု တိုးတက်မှုမရှိဘူး။ အဲဒါကိုတော့ သေသေချာချာဖတ်ပါ- မှတ်ပါ-လေ့လာပါ” ဟု ဆိုသည်။

မည်သည့်နိုင်ငံမှ ကျောက်မီးသွေးမသုံးဘဲ မတိုးတက်ကြောင်း၊ ထိုင်းနိုင်ငံမှာလည်း ကျောက်မီးသွေးအသုံးပြုနေကြောင်းနှင့် ချမ်းသာသည့် အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံမှာလည်း ကျောက်မီးသွေးလျှပ်စစ်စွမ်းအားစက်ရုံအများကြီးရှိကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

ထို့အတူ “MCL စက်ရုံမှာလဲ တကယ်လို့ Clean Coal နဲ့ ပုံစံတကျသုံးမယ်ဆိုရင် ဘာအန္တရာယ်မရှိဘူးဆိုတာ ကျနော်တို့ လေ့လာတွေ့ရှိထားပါတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန် က ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဂတ်(စ်)မှ လျှပ်စစ်စွမ်းအင် (၅၀) ရာခိုင်နှင့် ရေအားမှ (၅၀) ရာခိုင်နှုန်း ထုတ် လုပ်လျက်ရှိရာ နွေရာသီတွင်ရေခန်းခြောက်မှုကြောင့် လျှပ်စစ်မလုံလောက်မှုဖြစ်လေ့ရှိပြီး ဂပ် (စ်) သည်လည်း ၂၀၂၁ ခုနှစ်ရောက်လျှင် လက်ရှိထုတ်လုပ်နေသည့်ဂပ်(စ်) ၏ ၂၀ ရာခိုင်နှုန်းသာ ရရှိတော့မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် ကျောက်မီးသွေးမှ လျှပ်စစ်စွမ်းအင်ကို မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL က မဂ္ဂါဝပ် (၄၀) ထုတ်လုပ်သုံးစွဲလျက်ရှိပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်၊ ဧပြီ ၉ ရက်နေ့တွင် ကျောက်မီးသွေး မှလျှပ်စစ်စွမ်းအင် ၁၂၈၀ မဂ္ဂါဝပ်ထုတ်လုပ်ရန်အတွက် ပြည်ထောင်စုအစိုးရနှင့် Toyo-thai ကုမ္မဏီတို့ MOA လက်မှတ်ရေးထိုးထားသော်လည်း ဒေသခံများ၏ ကန့်ကွက်နေသည့်အတွက် ရပ်တန့်ထားဆဲဖြစ်သည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...