ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် အလှပ်ကျေးရွာရေတာတမံနှင့် နေအိမ်အချို့ပျက်စီး

ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် အလှပ်ကျေးရွာရေတာတမံနှင့် နေအိမ်အချို့ပျက်စီး
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် ပင်လယ်ရေတာတမံ ပေ ၃၀၀ ခန့်နှင့်နေအိမ် ၅ လုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

မေလ ၂၇ ရက်နေ့ ညနေပိုင်းအချိန်ခန့်က မိုးကြီးလေကြီးပြီး လှိုင်းလုံးရိုက်ခတ်မှုကြောင်း ဧပြီလအတွင်းက တည်ဆောက်ပြီးစီးထားသည့် ပင်လယ်ရေတာတမံ ပေ ၃၀၀ ခန့်နှင့် နေအိမ် ၅ လုံး ပြိုကျ ပျက်စီးသွားခြင်းဖြစ်သည်။

“မနေ့က (မေ ၂၇ ရက်နေ့) မိုးလေကြီးတော့ လှိုင်းလုံးလဲတော်တော်ကြီးတယ်၊ တမံပြိုကျသွားတော့ အနီးနားမှာရှိတဲ့ အိမ်တွေရေတိုက်စားသွားတာ” ဟု အလှပ်ကျေးရွာနေ ဦးကြည်မြင့်က ပြောသည်။

ပင်လယ်နှင့်နီးသည့် အလှပ်ကျေးရွာသည် ပင်လယ်ရေတိုက်စားမှုဒဏ်ကို နှစ်စဉ်နှစ်တိုင်း ကြံုတွေ့နေရပြီး ရေတိုက်စားခြင်းကိုကာ ကွယ်ရန်အတွက် အစိုးရဘတ်ဂျက် ကျပ်သိန်းပေါင်း ၄၅၆၀ ဖြင့် ဆည်မြောင်းဦးစီးဌာနမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ပင်လယ်ရေတားတမံကို တည်ဆောက်ခဲ့ကာ ဧပြီလတွင်တည်ဆောက်မှုပြီးစီးခဲ့ခြင်းဖြစ်သည်။

“တမံအရှည်အားလုံးက ပေ ၁၂၀၀ လောက်ရှိတယ်၊ မနေ့က ရေတိုက်စားလို့ ပျက်စီးတာ ပေ ၃၀၀ လောက်ရှိတယ်၊ ရေတိုက်စားမှုက နှစ်တိုင်း ဖြစ်နေကြပဲ ရေတိုက်စားတဲ့နေရာမှ ကျနော်တို့ဆီက ဘယ်သူမှ မနေရဲကြဘူး အခုနေနေကြတာက ရွှေ့ပြောင်းအလုပ် သမားတွေပါ” ဟု အလှပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းတင်က ပြောသည်။

ရေတားတမံပြိုကျပျက်စီးသွားသည့်အခြေအနေကို မေ ၂၈ ရက်နေ့က ဆည်မြောင်ဦးစီးဌာနမှ လာရောက်ကြည့်ရှုးသွားကြောင်း တမံကိုပြန်လုပ်ပေးမည်ဟု ပြောသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

ရေတားတမံပျက်စီးမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး သိန်းတစ်ထောင်၊ နေအိမ်ပျက်စီးမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၃ သိန်းကျော်ရှိကြောင်းပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

အလှပ်ကျေးရွာ၏ ရေတိုက်စားမှုကို ကာကွယ်ရန်အတွက် မိုးဦးကာလအတွင်း ဒီရေတောပင်များကို စိုက်ပျိုးသွားမည်ဟု စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးထံမှ သိရသည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...