“အခုကျတော့ ဘယ်လိုပြန်လုပ်လဲဆိုတော့ UNDP စီမံကိန်းကို အကူအညီတောင်းလိုက်တယ်။ ခဲဆိပ်က စက်ရုံကလာသလား တစ်ခုခုကလာသလား ဘယ်ကလာသလဲဆိုတာ ဝိုင်ဝန်းစိစစ်ပေးဖို့ပါပဲ”ဟု ၎င်းက ပြောသည်။
ထို့အပြင် စက်မှုသုံးအရက်ပြန်စက်ရုံ၏ စွန့်ပစ်ရေဆိုးကြောင့် ကန်ရေများ၊ သောက်သုံးရေများ ခဲဆိပ်ဖြစ်ပေါ် နေမှုနှင့် ပတ်သက်ပြီး လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာနှင့် ပြည်နယ်အစိုးရ စစ်ဆေးမှုများ ကွဲလွဲချက်များ ရှိနေကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။
“ရလဒ်ကွဲလွဲချက်က ဒီလိုပါ၊ သူတို့က ပဲခူးမှာ စိုက်ပျိုးမွေးမြူရေးမှာ ဓာတ်ခွဲတယ်၊ ကျွန်တော်တို့ကတော့ ကျန်းမာရေးဌာနမှာ ဓာတ်ခွဲတယ်၊ ဓာတ်ခွဲခြင်းလည်း မတူဘူး၊ စက်ခြင်းမတူတော့ ရလဒ်ကကွဲလွဲတယ်။ ကွဲလွဲသွားတာက ခဲဆိပ်တွေနဲ့ ချဉ်ဖန်ကိန်း PH တွေပဲ ကွဲလွဲတယ်”ဟု ၎င်းက ရှင်းပြသည်။
ဘီးလင်းမြို့ ကန်ဘဲ့အင်းဝန်းကျင်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရေဆိုး၏အနံ့များ ရှုရှိုက်မိသည့်အတွက် အော့အန်ခြင်း၊ မူးဝေခြင်းများကို ဒေသခံပြည်သူများက ခံစားနေရသည့်အပြင် စွန့်ပစ်ရေဆိုးများက မြေကြီးထဲသို့ စိမ့်ဝင်မှုကြောင့် မြေများပျက်စီးသွားပြီး လယ်ယာမြေများ၊ ခြံမြေများ၊ စိုက်ပျိုးမရသည့် အခြေအနေတစ်ခုထိ ဖြစ်နေကြောင်း ကန်သာယာရပ်ကွက် အင်းဝိုင်းကုန်းအပိုင်းနေ ဒေသခံပြည်သူတစ်ဦးကရှင်းပြသည်။
“ကန်ဘဲ့အင်းကြီးဆိုရင် လုံးဝပျက်ဆီးသွားပြီး။ အခုလက်ရှိ စက်ရုံပတ်ဝန်းကျင်မှာရှိတဲ့ တွင်းရေ၊ ကန်ရေတွေ သောက်သုံးလို ့လုံးဝ မရတော့ဘူး” ကန်သာယာရပ်ကွက် အင်းဝိုင်းကုန်းအပိုင်းနေ ဒေသခံပြည်သူတစ်ဦးကရှင်းပြသည်။
စွန့်ပစ်ရေတွေကြောင့် အခက်ကြုံနေရသည့် ဒေသခံများတွက် သောက်သုံးရေများကို ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ကန်ဘဲ့အင်းနှင့် မြို့ပေါ်ရပ်ကွက်သုံးခုရှိ သောက်သုံးရေတွင်း၊ ရေကန်များတွင် အသုံးပြု၍သင့်လျော်ခြင်းမရှိကြောင်း တင်ပြထားရှိမှုအပေါ် မေလ ၄ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ ့ရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်အစိုးရအဖွဲ ့ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
စက်မှုဝန်ကြီးဌာန ဘီးလင်းစက်မှုအရက်ပြန်ထုတ်လုပ်ရေး ကုမ္ပဏီလိမိတက်၏ စက်မှုသုံးအရက်ပြန်စက်ရုံသည် စွန့်စက်မှုမှတ်ပုံတင်ထားခြင်းမရှိခြင်းနှင့် သဘာဝပတ်ဝန်းကျင်းဆိုင်ရာ ဆန်းစစ်ချက်အရ IEE, EIA, SIA, EMP တို ့နှင့် အညီ ဆောင်ရွက်ထားမှုမရှိသဖြင့် မေလ ၅ ရက်က စက်ရုံလုပ်ငန်းများအား ယာယီရပ်ဆိုင်းထားရန်နှင့် စက်ရုံပြန်လည်ဖွင့်လှစ်မည်ဆိုပါက IEE, EIA, SIA, EMP တို့နှင့်အညီ ဆောင်ရွက်ပြီးစီးမှုကို ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြန်ရန် ဆုံးဖြတ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြောင်းကြားစာတွင် ဖေါ်ပြပါရှိသည်။







