တန်းတူရည်တူ ပါ၀င်ဆွေးနွေးခွင့်မရှိ၍ ၂၁ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေး မတက်ရန်UNFC ဆုံးဖြတ်

တန်းတူရည်တူ ပါ၀င်ဆွေးနွေးခွင့်မရှိ၍ ၂၁ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေး မတက်ရန်UNFC ဆုံးဖြတ်
by -
မွန်သတင်းအေဂျင်စီ
သတင်းထောက်များအား UNFC ဒုဥက္ကဌရှင်းလင်းစဉ်(TZA)
သတင်းထောက်များအား UNFC ဒုဥက္ကဌရှင်းလင်းစဉ်(TZA)
တန်းတူရည်တူ ပါ၀င်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်မရှိသော “အထူးဖိတ်ကြားသူ” အဆင့်အနေအထားဖြင့်သာ ဖိတ်ကြားလာ၍ ၂၁ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးကို တက်ရောက်မည်မဟုတ်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC က မေ လ ၂၃ရက်က ညနေပိုင်းက ထုတ်ပြန်ကြေညာလိုက်သည်။

 “ကျွန်တော်တို့ကို အထူးဧည့်သည်အနေနဲ့ ဖိတ်ကြားတယ်။ အထူးဖိတ်ကြားသူအဆင့်ပေါ့။ ဒါကတော့ စကားလုံးလှအောင် အထူးဖိတ်ကြားသူပေါ့။ တကယ်တော့ လေ့လာသူအဆင့်ပါပဲ။ ကျွန်တော်တို့က အခြားသောကိုယ်စားလှယ်တွေနဲ့ တန်းတူ ဆွေးနွေးခွင့် ဆု့းဖြတ်ခွင့်တွေ မရှိတဲ့အနေအထားပေါ် ကျွန်တော်တို့ကတော့ မတက်သင့်ဘူးလို့ မြင်တယ်”ဟု UNFC ဒုတိယဥက္ကဌ နိုင်ဟံသာက ချင်းမိုင်မြို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောသည်။

UNFC အနေဖြင့် ထိုသို့ တက်ရောက်ခြင်းမရှိသော်လည်း ပင်လုံမူ၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံကတိကဝတ်တို့နှင့်အညီ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားပြည်နယ်များကိုအခြေခံသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့ ဦးတည်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံ ၀ိုင်းရံပံ့ပိုးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (တိုးချဲ့) အစည်းအဝေးမေ ၂၂ရက်မှ ၂၃ရက်အထိ ကျင်းပအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

UNFC မှ နှုတ်ထွက်ထားသော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA နှင့် WNO/WNA ‘၀’ အမျိုးသားအဖွဲ့ချုပ်နှင့် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီသည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီအနေဖြင့် ၂၁ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။

ယခုအခါ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ တွင် LDU လားဟူဒီမိုကရက်တစ်အစည်းအရုံး ၊ ANC ရခိုင်အမျိုးသားကောင်စီ၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ NMSP မွန်ပြည်သစ်ပါတီနှင့် ၂၁ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးကို တက်ရောက်မည့် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ စသည့့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသာ ကျန်ရှိတော့သည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...