ချောင်းဆုံကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးသူဦးရေ ၃၅% ရာနှုန်းသာရှိ

ချောင်းဆုံကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးသူဦးရေ ၃၅% ရာနှုန်းသာရှိ
by -
မွန်သတင်းအေဂျင်စီ
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ၂၀၁၇ ပြည်သူ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ ၁၂၆၂၂၅  ဦးရှိသည့်အနက် မဲပေးသူဦးရေ ၄၇၀၀၀ သာရှိကြောင်း  ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းအရ သိရသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ကွမ်ယိုက်ကျေးရွာအုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူ ၆၃၀၀ ကျော်ရှိသည့်အနက် မဲပေးသူ ၂၀၀၀ ကျော်၊၊ သက္ကောကျေးရွာအုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူ ၅၈၀၀ ကျော်ရှိသည့်အနက် မဲပေးသူ ၁၇၅၄ မဲ၊ မုဒူးကျေးရွာအုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူ ၅၂၀၀ ကျော်အနက် မဲပေးသူ ၂၁၀၀ ကျော်၊ ကညှော်ကျေးရွာအုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူ ရ၃၀၀ ကျော်အနက် မဲပေးသူ ၃၀၀ ကျော်ရှိပြီး၊ ရာနှုန်းအားဖြင့် မဲပေးသူ ၃၅ သာရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဌ ဦးထွန်းရီ က မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

ဦးထွန်းရီ က “ မဲလာရောက်ထည့်တာကတော့ ၃၅ ရာနှုန်းလောက်ပဲရှိပါတယ်၊ စိတ်မဝင်စားတာများလို့ အခုလို မဲထည့်သူဦးရေ လျော့နည်းလာရတာ ဖြစ်တယ်” ဟုပြောသည်။  

၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၂၇၂၄၉ ဦးအနက်   မဲပေးသူ ၅၆၅၇၃ ဦးရှိခဲ့ကြောင်း အဆိုပါ ကော်မရှင်၏ စာရင်းများအရသိရသည်။
 
ဘီလူးကျွန်း ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်ခင်သန်းနုက'  ဒေသခံအများစုကတော့ ကိုယ့်ဝမ်းစာရေးအတွက် အာရုံစိုက်ကြတာများတယ်။ ဒါပေမယ့်  ဘယ်သူ ပဲတက်တက် ဒေသရဲ့လိုအပ်ချက်နဲ့ ဒေသဖွ့ြံဖိုးတိုး တက်အောင် လုပ်ပေးနိုင်ရင် ကောင်းပါတယ်' ဟုပြောသည််

အဆိုပါလစ်လပ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD)မှ ဦးအေးဝင်း၊ မွန်အမျိုးသားပါတီ (MNP)မှ နိုင်စိန်မြမောင်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMDP)မှ ဦးဝင်းထွဋ်(ခ) ဦးမြဝင်း၊ ပြည်ထောင်စုကြံ့ခို်င်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးအောင်ကြည်သိန်း နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ဦးတင့်ဝေ တို့ဝင်ရောက်ယှဉ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်းက  အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ ချောင်းဆုံမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၈၈၉၃၅ဦးမှ မဲပေးသူ ၅၂၅၆၁ ဦးရှိခဲ့ကြောင်း ကော်မရှင်၏ စာရင်းများအရ သိရသည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ဒေါ်ခင်ဌေးကြွယ် ရွေးချယ်ခံရပြီး ၄င်းသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင် အဖြစ်တာဝန်ပေးအပ်ခြင်း ခံရသည့် အတွက် ၄င်းမဲဆန္ဒအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လစ်လပ်ခဲ့ခြင်းဖြစ်သည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...