မွန်ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသူ ၄ ထောင်ကျော်ရှိ

မွန်ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသူ ၄ ထောင်ကျော်ရှိ
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွင် မတ်လ ၃၁ ရက်နေ့အထိ ကြိုတင်မဲပေးသူဦးရေ ၄ ထောင် ကျော်ရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မတ်လ ၂၂ ရက်နေ့မှ  ၃၁ ရက်နေ့အထိ ကြိုတင်မဲ စုစုပေါင်း  ၄၄၄၄ ရှိသည့်အနက် အများစုတွင် အသက်ကြီးရွယ်အိုများနှင့် အစိုးရဝန်ထမ်းများဖြစ်ပြီး နိုင်ငံခြားရောက် ကြိုတင်မဲပေးသူတစ်ဦးရှိသာရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဌ ဦးထွန်းရီက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဦးထွန်းရီ က “ ပြည်ပရောက် ကြိုတင်မဲကတော့ ၁ ဦးပဲရှိပါတယ်၊ ကြိုတင်မဲအများစုထည့်တာကတော့ အသက်ကြီးအရွယ်အိုတွေ၊ နာမကျန်းဖြစ်နေတဲ့သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ ထည့်တာများတယ်”ဟုပြောသည်။

ကွမ်ယိုက်ကျေးရွာတွင် ကြိုတင်မဲ ၃၆၇ အများဆုံးဖြစ်ပြီး အနည်းဆုံးမှာ ဆယ်ပလာကျေးရွာမှ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ကြိုတင်မဲပေးသူဦးရေ ၅၆၁၉ ဦးရှိကြောင်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလ ၁ရက် ၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၂၆,၂၂၅  ဦးရှိပြီး ကျေးရွာပေါင်း ရ၈ ခုတွင် မဲရုံ ၆၂ ရုံဖွင့်လှစ်ထားကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ချောင်းဆုံမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ ၁၂၇,၂၄၉ ဦးမှ  မဲပေးသူ ၅၆၅၇၃ ဦးရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ စာရင်းအရသိရသည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...