လက်ကျန် UNFC အဖွဲ့ဝင်များ NCA လက်မှတ်ထိုးရန် မွန်ပြည်သစ်ပါတီတိုက်တွန်း

လက်ကျန် UNFC အဖွဲ့ဝင်များ NCA လက်မှတ်ထိုးရန် မွန်ပြည်သစ်ပါတီတိုက်တွန်း
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်သစ်ပါတီအနေဖြင့် လက်ကျန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များနှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရန် ကြိုးပမ်းတိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှက “UNFC မှာပါဝင်တဲ့အဖွဲ့ တွေထဲက တစ်ချို့အဖွဲ့က NCA လက်မှတ်မထိုးတော့ဘူး၊ သူတို့ဘာသာသူတို့ ရပ်တည်မှာ ဖြစ်တဲ့အတွက် ကျန်ရှိနေသေးတဲ့အဖွဲ့တွေကိုပဲ ကျွန်တော်တို့ NCA လက်မှတ်ထိုးဖို့ တိုက်တွန်းသွားမယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က NCA လက်မှတ်ထိုးရန် ငြင်းပယ်လိုက်သည့် မြောက်ပိုင်းဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရ ဖွဲ့ပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှုကော်မတီတစ်ရပ်တွင် UNFC အဖွဲ့ဝင်များဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ပူးပေါင်းပါဝင်သွားကြောင်း တတိယအကြိမ် ပန်ဆန်းထုတ်ပြန်ချက်အရ သိရသည်။

“နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းကနေ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ် စဲရေးတွေကို ၂၀၁၂ ကတည်းက အစိုးရနဲ့သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးသားပါ၊ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ မွန်ပြည်သစ်တစ်ခုနဲ့ပဲ သက်ဆိုင်တာမဟုတ်၊ မွန်တစ်မျိုးသားလုံးအရေးနဲ့ ဆိုင်တယ်၊ ဒါကြောင်း NCA လက်မှတ်ထုုိးဖို့ လိုအပ်တာကို ရှင်းပြတာဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံက ဆက်ပြောသည်။

မော်လမြိုင်မြို့၊ နိုင်ရွှေကျင်စာကြည့်တိုက်တွင် မွန်လူမှုအဖွဲ့အစည်းများ၊  ရဟန်းသံဃာတော်များ၊ မွန်နိုင်ငံရေးပါတီများ၊ မွန်အမျိုးသမီး အဖွဲ့နှင့် မွန်အရေးစိတ်ပါဝင်စားသူများကို ဖိတ်ကြားကာ မွန်ပြည်သစ်ပါတီအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်နိုင်ရေးအတွက် NCA လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်းနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ပြည်တွင်းရေးရာဌာနတာဝန်ခံက မတ်လ ၂၂ ရက်နေ့က ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီအနေနှင် ့ပါဝင်နိုင်ရန် NCA လက်မှတ် ရေးထိုး သင့်ကြောင်း ဆွေးနွေးပွဲကို တက်ရောက်လာသည့် မွန်လူမှုအဖွဲ့အစည်းမှ မင်းအောင်ထူးကဆိုသည်။  

“နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မွန်ပြည်သစ်ပါတီအနေနဲ့ NCA လက်မှတ်မထိုးဘူးဆိုရင် မပါဝင်နိုင်ဘူးဆိုတော့ မွန်ပြည်သူတွေအတွက် အခက်အခဲဖြစ်နိုင်တယ်၊ နောက်တစ်ခုက မွန်ပြည်သစ်ပါတီ အနေနဲ့ NCA လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လာနိုင်မယ် ဆိုရင် ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုရှိနိုင်မယ်” မင်းအောင်ထူးက ဆိုသည်။

ထို့အပြင်် မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA တွင်လက်မှတ် ရေးထိုးရေးနဲ့ပတ်သက်ပြီး ပြည်သူတွေများ၏ သဘောထားကိုလည်း ရယူသွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။

လက်ကျန် UNFC အဖွဲ့တွင် မွန်ပြည်သစ်ပါတီ NMSP, ကရင်အမျိုးသားတိုးတက်ရေးပါတီ KNPP, ရခိုင်းအမျိုးသားကောင်စီ ANC, ဝအမျိုးသားအမျိုးသားအဖွဲ့ WNO, လားဟူဒီမိုကရက်တစ်ပါတီ LDU စသည့်တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ကို တွေ့ရှိရသည်။

ပြီးခဲ့သည့်မတ်လ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ သုံးရက်ကြာကျင်းပသော UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေးတွင် တောင်းဆိုချက် ၉ ချက်ကို မူအားဖြင့်အစိုးရသဘောတူခဲ့သည်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ ဒုတိယအကြိမ်ညီလာခံကို ရက်အကန့်အသတ်ရွှေ့ဆိုင်းခဲ့သည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...