ကျိုက္ကသာမြို့ဟောင်းတွင် ရွှေပြားတစ်ပိဿာကျော် ထူးဖော်တွေ့ရှိ

ကျိုက္ကသာမြို့ဟောင်းတွင် ရွှေပြားတစ်ပိဿာကျော် ထူးဖော်တွေ့ရှိ
by -
မွန်သတင်းအေဂျင်စီ
တူးဖော်ရရှိသည့် ရွှေပြားများ(အရှင်ပညာစက္က Facebook)
တူးဖော်ရရှိသည့် ရွှေပြားများ(အရှင်ပညာစက္က Facebook)
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာမြို့ဟောင်းနေရာတွင် မြေအိုးဖြင့် ထည့်ထားသည့် ရွှေပြား အလေးချိန် တစ်ပိဿာကျော်ကိုကားလမ်းဖောက်လုပ်ရင်း တူးဖော်တွေ့ရှိကြောင်း ဒေသခံတို့မှ သိရသည်။

မြေအိုးထဲတွင် အချင်း ၂ လက်မခန့်သည့် ရွှေပြား စုစုပေါင်း ၃၉၀ ပြားရှိပြီး အလေးချိန်အားဖြင့် ၁ ပိသာာ ၁၀  ကျပ်သား ရှိသည်ဟု တူးဖော်တွေ့ရှိသူတို့ထံမှ သိရသည်။

ကျိုက္ကသာမြို့ဟောင်းအတွင်း ပိုချေတစ်ထောင် ရန်မျိုးအောင်စေတီအနီးတွင် ကားလမ်းဖောက်လုပ်ရန်အတွက် မတ်လ ၁၇ ရက်နေ့က မြေတူးရင်း ရွှေပြားအပြည့်နှင့် အိုးတစ်လုံးကို တူးဖော်တွေ့ရှိသည်ဟု မြေပိုင်ရှင် ကိုဇာနည်ထွန်းက ပြောသည်။

 “လမ်းလုပ်ဖို့ ကျနော်တို့ မြေလှူထားတဲ့ နေရာမှာ ရွှေတစ်ပိသာာကျော် တွေ့တယ်၊ ချိန်ကွင်းပုံစံ ရွှေခွက်တွေပါ၊ အခုအချိန်ထိတော့ ရွှေတွေက ကျနော်တို့ လက်ထဲမှာဘဲ၊ နိုင်ငံတော်ကို လှူဖိုတော့ စဉ်းစားထားတယ်” ဟု ကိုဇာနည်ထွန်းက ပြောသည်။

တူးဖော်တွေ့ရှိထားသည့် ရွှေပြားများကို ရှေးဟောင်သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသို့ အပ်နှံသွားမည်ဟု ၄င်းက ဆက်ပြောသည်။

 “အခု တူးဖော်တွေ့ရှိတဲ့ ရွှေပြားတွေက  ပုဂံခေတ်မတိုင်မီက ပစ္စည်းတွေလို့ ယူဆရတယ်၊ ရှေးဟောင်းပစ္စည်းတွေပေါ့ ရှေးဟောင်းပစ္စည်းမှာမှ ရှင်ဘုရင်တွေ ဝတ်တဲ့ အကျႌတွေမှာ အလှဆင်တဲ့ဟာလို့ ထင်ရတာ သူက အပြားလည်းမဟုတ်ဘူး ကုန်းကုန်းလေးဖြစ်နေတယ်” ဟု သမိုင်းသုတေသန ဦးစီးဌာနမှ အငြိမ်းစားလက်ထောက်ညွှန်ကြားရေးမှူး ဦးစံဝင်းက ခန့်မှန်းထားသည်။

ကျိုက္ကသာမြို့ဟောင်းနေရာတဝိုက်တွင် ယခင်ကလည်း အလေးချိန် ပိဿာနှင့်ချီသည့် ရွှေများ တူးဖော်တွေ့ရှိမှု ရှိခဲ့သလို ငွေဒဂါင်္ပြားတစ်ထောင်ကျော်ကိုလည်း တူးဖော်တွေ့ရှိထားသည်ဟု ဦးစံဝင်းက ဆက်ပြောသည်။

ကျိုက္ကသာမြို့ဟောင်းတူးဖော်မှုကုန်းသည် ရှေးဟောင်းအဆောက်အဦးနေရာအဖြစ် မွန်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးကော်မတီထံက ထိန်းသိမ်းထားသည့် မြို့ဟောင်းတစ်ခုဖြစ်သည်။

လက်ရှိတွင် ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီသည် ပြည်နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဇုန် ၂ ခုနှင့် ရှေးဟောင်းဆောက်အဦးနေရာ ၉ နေရာကို ထိန်းသိမ်းထားသည်။

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...