မွန်ပါတီ ၂ ခု ပေါင်းစည်းညီညွတ်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် ညှိနှိုင်ရေးအဖွဲ့အား မွန်အမျိုးသားပါတီ က အသိအမှတ်ပြုလက်ခံခဲ့သော်လည်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဘက်က အသိအမှတ်ပြုခြင်းမရှိ သဖြင့် ပါတီအချင်းချင်းပေါင်းစည်းနိုင်မည့်နည်းလမ်း ပျက်ပြယ်သွားခြင်းဖြစ်ကြောင်း ညှိနှိုင်းရေးအဖွဲ့က ပြောဆို ထားသည်။
ညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး နိုင်ဝင်းလှက “မွန်နိုင်ငံရေးတစ်ပါတီဖြစ်ဖို့က မလွယ်တော့ဘူး၊ ဘာလို့လဲဆိုတော့ AMDP က ပါဝင်လာနိုင်မှာ မဟုတ်တော့ ပါတီတစ်ခုတည်းဖြစ်ရေးက ဘယ်လိုမှ လုပ်လို့မရဘူး၊ ဒါပေမယ့် မွန် တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်မည့် ပါတီ၊ လူထုအသံကို နားထောင်မည့်ပါတီတစ်ခု ဖြစ်လာဖို့အတွက် ကျွန်တော်တို့ ဦးတည်လုပ်ဆောင်သွားမယ်” ဟု ပြောကြားသည်။
၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် မွန်တစ်မျိုးသားလုံးအသွင်ဆောင်သည့် အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပပြီး ၄င်း အစည်းအဝေးတွင် လူထုကိုယ်စားပြုမွန်နိုင်ငံရေးပါတီတစ်ခု ပေါ်ပေါက်နိုင်ရေး ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။
ညှိနှိုင်းရေးအဖွဲ့အနေဖြင့် မွန်နိုင်ငံရေးတစ်ပါတီဖြစ်ရေးအတွက် မတ်လ ၁၁ ရက်နေ့က မွန်အမျိုးသားပါတီ၊ မွန် ဒေသလုံးဆိုင်ဒီမို ကရေစီပါတီ (ပေါင်းစည်းလိုသူ) အင်အားစုအချို့နှင့်သော်လည်းကောင်း၊ မတ်လ ၁၂ ရက် နေ့က မွန်အမျိုးသားပါတီ (ပေါင်းစည်းလိုုသူ) အင်အားစုအချို့နှင့်သော်လည်းကောင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက် ယခုကဲ့သို့ မွန်တစ်မျိုးသားလုံးကိုယ်စားပြုမည့် နိုင်ငံရေးပါတီတစ်ခုဖြစ်ပေါ်ရေးနည်းလမ်း ချမှတ်ခဲ့ခြင်း လည်း ဖြစ်သည်။
“MNP ပါတီထဲကို ဝင်လိုက်ပြီးမှ ပေါင်းစည်းရေးကိစ္စ လုပ်မယ်ဆိုရင် AMDP က ပေါင်းစည်းလိုသူတို့ဘက်က ဒါကို လက်သင့်မခံကြဘူး၊ ပါတီအသစ်တစ်ခုထောင်၊ အဲဒီမှာ ဝင်ချင်တဲ့သူ ဝင်လာခဲ့ဆိုပြီးတော့ ပါတီအသစ် ပုံ စံနဲ့ပဲ ပေါင်းစည်းရေးကို လုပ်မယ်ဆိုပြီး ရပ်တည်ထားတယ်၊ MNP က ပေါင်းစည်းရေးလိုလာသူဘက်တို့ ရပ် တည်ချက်ကလည်း အတူတူပဲဖြစ်တယ်” ဟု နိုင်ဝင်းလှက ဆက်ပြောသည်။
ထို့ကြောင့် ရှေ့ဆက်လုပ်ဆောင်မည့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးတွင် မွန်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ (ပေါင်းစည်းလိုသူ အင်အားစု) နှှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (ပေါင်းစည်းလိုသူအင်အားစု) တို့အား အသိအမှတ်ပြု ဖိတ်ကြားသွားမည်ဖြစ်ကာ မွန်တစ်ပါတီဖြစ်ရေးအတွက် လိုအပ်သည့်လုပ်ငန်းစဉ်များကို တွေ့ဆုံ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း မွန်ပြည်သူလူထုထံသို့ အစီရင်ခံတင်ပြထားပြီးဖြစ်သည်။
မွန်အမျိုးသားပါတီ (ပေါင်းစည်းရေးလိုလားသူ) ဘက်တွင် တွဲဖက်အတွင်းရေးမှုး (၂) ဒေါက်တာမင်းကြည်ဝင်း၊ ဗဟိုအလုပ်မှုဆောင် များဖြစ်သည့် ဒေါက်တာမင်းစိုးလင်း၊ မိစန္ဒာနွန်၊ မိစုစုမွန် နှင့် ပါတီ ဗဟိုအလုပ်မှုဆောင်က နေ ထုတ်ပယ်ခြင်းခံရသူ နိုင်မွန်ရာဇာတို့က ပါဝင်နေသည်ကို တွေ့ရှိရသည်။
မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှုး (၂) ဒေါက်တာမင်းကြည်ဝင်းက “MNP ဘက်ကို ကြည့်လို့ရှိရင် နှစ်ဖွဲ့ ဖြစ်နေသလိုပေါ့လေ၊ ဒီအပေါ်မှာ ပါတီသစ်တစ်ခု ထပ်ပေါ်လာမလား တချို့က သုံးသပ်နေတာရှိတယ်၊ အမှန်က အဲဒီလိုမဟုတ်ပါဘူး၊ ကျွန်တော်တို့ပါတီအနေနဲ့ကတော့ ဒီပေါင်းစည်းရေးကို သဘောထားပေးထားပြီးသာပါ၊ အခုဟာကတော့ ပေါင်းစည်းရေးနှင့်ပတ်သက်ပြီး ကျွန်တော်တို့ဘက်က သဘောထားပေးခြင်းဖြစ်တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။
၄င်းတို့အနေဖြင့် ညှိနှိုင်းရေးအဖွဲ့၏ အစီရင်ခံတင်ပြထားချက်အတိုင်း မွန်ပြည်သူလူထုများ လက်ခံအသိ အမှတ်ပြုသည့်နိုင်ငံရေး ပါတီဖြစ်ပေါ်ရေးအထိ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကာ မည်မျှလောက်အထိ အ ကောင်အထည်ဖော်နိုင်သည့်အပေါ် မူတည်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (ပေါင်းစည်းရေးလိုလာသူ) များဘက်တွင်မူ ဗဟိုအလုပ်မှုဆောင်များဖြစ် သည့် နိုင်အောက်ဆာ၊ နိုင်ချမ်းအောင်နှင့် ဗဟိုကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးတို့ ပါဝင်နေပြီး ကြားဖြတ်ရွေးကောက်ပြီးအပြီး မိခင်ပါတီမှ တရားဝင်နှုတ်ထွက်ရန် သတင်းများထွက်ပေါ်နေသည်။
လက်ရှိတွင် တရားဝင်မှတ်ပုံတင်ထားသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP, မွန်အမျိုးသားပါတီ MNP နှင့် အမျိုးသမီး(မွန်) ပါတီ စသည်ဖြင့် ၃ ပါတီအား မွန်အရေးလှုပ်ရှားခဲ့သူများ ဦးဆောင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။







