လက်ရှိတွင် သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားဆန္ဒထုတ်ဖော်ရေး ကော်မတီတရပ်ဖွဲ့စည်းထားပြီး ၄င်းကော်မတီအနေဖြင့် မြို့နယ်အသီးသီးသို့ သွားရောက်၍ သက်ဆိုင် ရာဒေသခံခေါင်း ဆောင်များ၊ သံဃာတော်များနှှင့် ဆန္ဒထုတ်ဖော်ရေးအတွက် လိုက်လံဆွေးနွေးညှိနှိုင်းလျှက်ရှိသည်။
သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားဆန္ဒထုတ်ဖော်ရေးကော်မတီဝင် နိုင်မွန်ရာဇာက “ဒီတစ်ခေါက်လုပ် မည့် ဆန္ဒထုတ်ဖော်ပွဲကိုတော့ ငြိမ်စုစီဥပဒေအတိုင်းပဲ စာတင်ပြီးတော့ ကျွန်တော်တို့ အေးအေးချမ်းချမ်းနဲ့ လုပ်သွားမှာပါ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲ ကျင်းပနိုင်ရေး လိုအပ်သည့် ကြွေးကြော်သံများ၊ ဟောပြောမည့်ပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာသို့ တရားဝင် ဆန္ဒထုတ်ဖော်ခွင့်စာ တင်နိုင်ရေးစသည့် ကိစ္စရပ်များအတွက် သံလွင်တံတား (ချောင်းဆုံ) အမည် ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားဆန္ဒ ထုတ်ဖော်ရေးကော်မတီတို့က မတ်လ (၁၄) ရက် နေ့လည်ပိုင်း ၁ နာရီ အချိန်တွင် အစည်းအဝေးတစ်ရပ်ခေါ်ယူကျင်းပသွားမည်ဟု ဆိုသည်။
ချောင်းဆုံမြို့နယ်မှ ဘိုးနက်ကျောင်းဆရာတော် ဘဒ္ဒန္တဇေယျဝံသက “အခုလုပ်မည့်ဆန္ဒထုတ်ဖော်ပွဲက မွန်လူ ထုအင်အား တစ်သောင်းခန့် ပူးပေါင်းပါဝင်နိုင်ရန် လျာထားပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ မိန့်ကြားထား သည်။
သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားဆန္ဒထုတ်ဖော်ရေးကော်မတီအား ပြီးခဲ့ သည့် မတ်လ (၇) ရက်နေ့က မော်လမြိုင်မြို့ ဓါတုမာလာမွန်ပရိယတ္တိစာသင်းတိုက်တွင် အနယ်နယ်အရပ်ရှိ မွန်တိုင်းရင်းသားအဖွဲ့ဝင် (၉၆) ဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ သံလွင်တံတား(ချောင်းဆုံ) အား ဗိုလ်ချုပ်အောင်ဆန်းတံတား ဟုအမည်ပေးရန်ပြည်သူ့လွှတ်တော်မှ အဆိုတင်သွင်းထားမှုကို ဒေသခံဌာနေတိုင်းရင်းသားမျာ၏သဘောထားရယူခြင်းမရှိဘဲ ၄င်းအဆိုအား ပြန်လည်ရုပ်သိမ်းပေးပါရန် မတ်လ (၂) ရက်နေ့က ချောင်းဆုံးမြို့နယ်ဒေသခံ (၃၀၀၀) ကျော်တို့က တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ပြီးဖြစ်သည်။







