ချောင်းဆုံမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲ ဒေသခံမွန်ကိုယ်စားလှယ်လောင်းအတွက် မွန်လူငယ်ကွန်ယက် ဝိုင်းဝန်းမဲဆွယ်မည်ဟုဆို

ချောင်းဆုံမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲ ဒေသခံမွန်ကိုယ်စားလှယ်လောင်းအတွက် မွန်လူငယ်ကွန်ယက် ဝိုင်းဝန်းမဲဆွယ်မည်ဟုဆို
by -
မွန်သတင်းအေဂျင်စီ
လာမည့် ၂၀၁၇၊ ဧပြီ ၁ ရက်နေ့တွင်ပြုလုပ်မည့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း) ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်နေရာဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကိုယ်စားလှယ်လောင်း နိုင်ဝင်းထွဋ် (ခ) နိုင်မြဝင်း အောင်နိုင်ရေးအတွက် မွန်လူငယ်ကွန်ယက်က ဝိုင်းဝန်းမဲဆွယ်စည်းရုံးသွားမည်ဟု မတ်လ ၁၁ ရက်နေ့တွင် သဘောထားကြေငြာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ဝင်းထွဋ် (ခ) နိုင်မြဝင်းသည် ဘီလူးကျွန်းဒေသခံကိုယ်စားလှယ်ဖြစ်သောကြောင့် မွန်လူငယ်ယက် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သဘောထားထုတ်ပြန်ကြေငြာခြင်းဖြစ်ကြောင်း မွန်လူငယ်ကွန် ယက်ခေါင်းဆောင် တစ်ဦးက ပြောသည်။

“သူက ဒေခံကိုယ်စားလှယ်လောင်း အမှန်တကယ်ဖြစ်နေတယ်။ ပြီးတော့ မွန်လူမျိုးရေးရာကိစ္စတွေကိုလည်း ဆောင်ရွက်သူဖြစ်တယ်။ နောက်တခုက ဒေသခံကိုယ်စားလှယ်ကဘဲ ဒေသခံပြည်သူတွေ အတွက်အကျိုးဖြစ်စေတယ်တဲ့ လုပ်ငန်းကိုဆောင်ရွက်ပေးနိုင်တဲ့အတွက် သူ့အတွက်ဝိုင်းဝန်းမဲဆွယ်ပေးဖို့ သဘောတူခဲ့တာပါ” ဟု မွန်လူငယ်ကွန်ယက် ညှိုနှိုင်းရေးမှူး မင်းဇာနည်ဦးက ဆိုသည်။

ဘီးလူကျွန်း၏ ကဏ္ဍပေါင်းစုံပြဿနာများကို ဘီးကျွန်းသားများသာသိရရှိနိုင်ကြောင်းနှင့် အဆိုပါပြဿနာများကိုလည်း ဘီးလူကျွန်းသားဒေသခံကသာ ဖြေရှင်းနိုင်သည်ဟု ယုံကြည်ကြောင်း နိုင်ဇာနည်ဦးက ဆက်ပြောသည်။

မွန်လူငယ်ကွန်ယက်နာယက နိုင်ဉာဏ်စိုက်ရာမာန်က “ဘယ်ပါတီကို ထောက်ခံရမယ် မဲပေးရမယ်ဆိုတာကို မပြောလိုဘူး။ ဒေသခံကိုယ်စားလှယ်လောင်း နိုင်ဝင်းထွဋ် (ခ) နိုင်မြဝင်းကို မဲပေးဖို့ပါပဲ။ တခြားဒေသကို ပြည်သူ တွေမဲပေးလို့မရပါဘူး။ ဒေသခံကိုယ်စားလှယ်လောင်းကိုပဲ မဲပေးသင့်တယ်။ ဒါကြောင့် ဒေသခံကိုယ်စားလှယ်ကို မဲပေးဖို့တိုက် တွန်းသွားမယ်” ဟု ဆိုသည်။

မွန်လူငယ်ကွန်ယက်သည် ကြာဖြတ်ရွေးကောက်ပွဲတွင် မည်သည့်ပါတီကိုမှ အာရုံထားခြင်းမရှိပဲ ဒေသခံပြည်သူများ၏ဆန္ဒနှင့် ဒေသခံကိုယ်စားလှယ်လောင်းကိုသာ အာရုံထားရှိပြီး အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံး ရေးတွင် ဝိုင်းဝန်းကူညီဆောင် ရွက်သွားမည်ဟု နိုင်ဉာဏ်စိုက်ရာမာန်က ဆက်ပြောသည်။

အလားတူ မွန်အမျိုးသားပါတီ MNP မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နိုင်စိန်မြမောင်မှာ ဘီလူးကျွန်းဒေသခံမဟုတ်ဘဲ သံဖြူဇရပ်မြို့ခံဖြစ်သည်ဟု သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မွန်နိုင်ငံရေးပါတီ (၃) ပါတီအပြင် တသီးပုဂ္ဂလ္လကိုယ်စားလှယ်များ  စုစုပေါင်းကိုယ်စားလှယ်လောင်း ၈၀ ဦးကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် မွန်ပြည်သူများကြား မဲကွဲသဖြင့်၄ ဦးသာ အနိုင်ရရှိခဲ့သည်ဟု သုံးသပ်ထောက်ပြမှုများရှိခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ်မြေတွင် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD, မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, ပြည်ထောင်စုကြံ့ခိ်ုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ USDP နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ – တစညပါတီတို့မှ ကိုယ်စားလှယ်လောင်း ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...