သတင်းမီဒီယာများအား တစ်ပတ်တစ်ကြိမ်ပုံမှန်တွေ့ဆုံမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်ပြော

သတင်းမီဒီယာများအား တစ်ပတ်တစ်ကြိမ်ပုံမှန်တွေ့ဆုံမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်ပြော
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံသည် ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်ပြီး သတင်းမီဒီယာများအား တစ်ပတ်တစ်ကြိမ်ပုံမှန်တွေ့ဆုံရှင်းလင်းသွားမည်ဟု မတ်လ ရ ရက်နေ့က ပြောကြားလိုက်သည်။

သတင်းမီဒီယာနှင့် တွေ့ဆုံမှုကို အပတ်စဉ် ကြာသပတေး သို့မဟုတ် သောကြာနေ့ညနေပိုင်းတွင် တွေ့ဆုံသွားရန် စီစဉ်သတ်မှတ်ထား သည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

“မီဒီယာတွေကို တစ်ပတ်တစ်ခါ တွေ့မယ်၊ သတ်မှတ်ထားတာက ကြာသပတေးမဟုတ်ရင် သောကြာနေ့ညနေ ဒါပေမယ့် ခရီးသွားစရာ ရှိရင်တော့ နောက်တစ်ပတ်ပေါ့” ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ ပြုလုပ်သည့် အစည်းအဝေးများနှင့် ပတ်သက်ပြီး သတင်းမီဒီယာများအား တက်ရောက်ခွင့်ပြုပေးသွားမည့် အစည်းအဝေးရှိသလို တက်ရောက်ခွင့်မပြုသည့် အစည်းအဝေးလည်းရှိမည်ဖြစ်ကြောင်း သို့သော်လည်း အစိုးရအဖွဲ့ ကျင်းပပြုလုပ် သည့်ပွဲတိုင်းနှင့် ပတ်သက်ပြီး တစ်ပတ်တစ်ခါ ရှင်းလင်းသွားမည်ဟု ၄င်းက ဆက်ပြောသည်။

“အများနဲ့ သက်ဆိုင်တဲ့ပွဲမျိုးဆိုရင်တော့ မီဒီယာတွေကို တက်ရောက်ခွင့်ပေးသင့်တယ်၊ ဒါမှလည်း လူထုတွေရဲ့ တင်ပြချက်တွေသိရမှာ၊ အစိုးရအဖွဲ့အစည်းအဝေးဆိုရင် တမျိုးပေါ့၊ အခုက အများနဲ့သက်ဆိုင်တဲ့ပွဲတွေလည်း မီဒီယာတွေကို ပေးမဝင်ဘူး၊ တစ်ပတ်တစ် ပတ်ခေါ်ရှင်းတာတော့ ဟုတ်တာပေါ့ ဒါပေမယ့် အစိုးရဘက်က ပြောတဲ့ဟာဘဲ ကြားရမှာ” ဟု မွန်ပြည်နယ် မီဒီယာဥက္ကဌ ဦးစီးနားက ပြောသည်။

သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ အစိုးရရုံး၊ ဌာန၊ အဖွဲ့အစည်းများတွင် သတင်းအချက်အလက် ရယူခွင့်၊ နေရာထိုင်ခင်းရခွင့်နှင့် ဝင်ထွက်သွားလာခွင့်တို့ရှိသည်ဟု သတင်းမီဒီယာ ဥပဒေ အခန်း(၃) ပုုဒ်မ ၄ (ဃ) တွင် ဖော်ပြထားသည်။

ယခင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး မီဒီယာများနှင့်တစ်လတစ်ကြိမ်တွေ့ဆုံမည့်ပြောကြားချက်အပေါ် ဝေဖန်မှုများရှိခဲ့ပြီး အစိုးရဌာနများ သတင်းရယူခွင့်ကန့်သတ်ချက်များလည်း ရှိခဲ့သည်ဟု သိရသည်။

ယခင်မွန်ဝန်ကြီးချုပ်ဦးမင်းမင်းဦးကို နိုင်ငံတော်သမ္မတက မိမိသဘောအလျောက်နုတ်ထွက်ခွင့်ပြုခဲ့ပြီး  ဒေါက်တာအေးဇံအား မတ်လ ၁ ရက်နေ့တွင် ဝန်ကြီးချုပ်အသစ်ပြန်လည်ခန့်အပ်၍ မွန်ပြည်နယ်လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဖြစ်သည်။

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...