ရန်ကုန်မှ မောင်းနှင်လာသည့် တရားမဝင်သစ်ကားခုနှစ်စီး မွန်ပြည်နယ်တွင် ဖမ်းဆီးရမိ

ရန်ကုန်မှ မောင်းနှင်လာသည့် တရားမဝင်သစ်ကားခုနှစ်စီး မွန်ပြည်နယ်တွင် ဖမ်းဆီးရမိ
by -
မွန်သတင်းအေဂျင်စီ
ဖေဖော်ဝါရီ ၂၅ ရက်နေ့၊ နံနက်အစောပိုင်းခန့်က ရန်ကုန်မှ တရားမဝင်သစ် တင်ဆောင်လာသည့် ၁၂ ဘီးယာဉ် ရ စီးကို ပေါင်မြို့တွင် ၁ စီး၊ မုတ္တမတွင် ၃ စီးနှင့် မော်လမြိုင်တိုးဂိတ်တွင် ၃ စီး အသီးသီးဖမ်းဆီးရမိခဲ့့ကြောင်း မော်လမြိုင်/သထုံခရိုင် သစ်တောဦးစီးဌာန ဒု-လက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်အောင်မှ သိရသည်။

ဖမ်းဆီးရမိသည့် သစ်များသည် ပိတောက်အမျိုးအစားဖြစ်ပြီး အစိုးရမှ သတ်မှတ်ထားသည့် သစ်မာစာရင်း များထဲမှ ယခုဖမ်းဆီးမိသည့် သစ်အရေးအတွက်သည် မွန်ပြည်နယ်၌ အများဆုံးဖမ်းဆီးရမိခြင်းဖြစ်သည်။

မော်လမြိုင်ခရိုင်/သထုံခရိုင် ဒု-လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “တန် ၁၀၀ ကျော်ဖမ်းဆီးမိတာရှိ တယ်။ ပြီးခဲ့တဲ့ နှစ်ကပါ။ ဒါပေမယ့် သစ်မာတွေ မဟုတ်ဘူး။ အခုဖမ်းမိတဲ့သစ်က အစိုးရသတ်မှတ်ထားတဲ့ သစ် မာစာရင်းထဲက သစ်တွေပါ။ တန်ဘိုးကြီးတဲ့ သစ်တွေထဲက ဒီတခါဖမ်းမိတာအများဆုံးပါ” ဟု ဆိုသည်။

ယခုသစ်များသည် ရန်ကုန်မှ သယ်ဆောင်လာပြီး မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းမှ ရေလမ်းကြောင်းဖြင့် နိုင်ငံခြားကို ပို့ဆောင်ရန်အတွက် သတင်းအတိကျရရှိထားသောကြောင့် အခုလိုဖမ်းဆီးရမိ သည်ဟု သစ်တောဦးစီးဌာနက ဆိုသည်။

ဦးမြင့်အောင်က “သူတို့က သစ်ကိုအောက်မှာထားတယ်။ အပေါ်မှာ ဇီးသီးအိတ်တွေနဲ့ အုပ်ထားတာ။ ပိတောက် က အနံထွက်တယ်လေ။ အဲဒါကြောင့် အပေါ်မှာဇီးသီးအိတ်နဲ့ အနံမထွက်အောင် လုပ်ထားတယ်။ တာလပတ် ကိုလည်း နှစ်ထပ်အုပ်ထားတယ်။ သူတို့က ဘိလပ်မြေတင်တဲ့ ကားလိုပုံစံမျိုးလုပ်ထားပြီး တင်လာတယ်” ဟု ရှင်းပြသည်။

ယာဉ် ရ စီးဖြင့် တင်ဆောင်လာသည့် အဆိုပါပိတောက်သစ်များသည် စုစုပေါင်း တန်ချိန် ၅၀ ဝန်းကျင်ရှိပြီး လွန် ခဲ့သည့် ၂ ပတ်ခန့်က ကျိုက်ထိုမြို့တွင် ယာဉ်အသေးနှင့် တင်ဆောင်လာသည့် ပိတောက်သစ် ၀.၈ တန်ကို လည်း ဖမ်းဆီးရမိပြီးခဲ့ရှိသည်။

ဖမ်းဆီးရမိထားသည့်သစ်များနှင့် ဆက်စပ်ပြီး အများပြည်သူပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ (၃) နှင့် အမှူဖွင့် သွားမည်ဖြစ်ပြီး ကွင်းဆက်များကိုလည်း မြို့နယ်အလိုက် စုံစမ်းဖော်ထုတ်ဖို့ ညွှန်ကြားထားသည်ဟု မွန်ပြည်နယ် သစ်တော ဦးစီးဌာနမှသိရသည်။

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...