MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေး‘အလိုမရှိ’ ပျားတောင်ဒေသခံတို့ ကန့်ကွက်ဆန္ဒပြ

MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေး‘အလိုမရှိ’ ပျားတောင်ဒေသခံတို့ ကန့်ကွက်ဆန္ဒပြ
by -
မွန်သတင်းအေဂျင်စီ
ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်းကို ပျက်စီးစေနိုင်သည့် MCL မော်လမြိုင် ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးအသုံးပြုလျှပ်စစ်စွမ်းအင် ထုတ်လုပ်နေခြင်းကိုအလိုမရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ကော့ပနောကျေးရွာရှိ လယ်ကွင်းတွင် ပျားတောင်ဒေသရှိ ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံ ၂၅၀၀ ကျော်က ဆန္ဒဖော်ခဲ့ကြသည်။

ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံသည် စက်ရုံလည်ပတ်ရန်အတွက် လိုအပ် သည့်လျှပ်စစ်စွမ်းအင်ကို ကျောက်မီးသွေးမှထုတ်လုပ်နေခြင်းကို ရပ်တန့်စေလိုခြင်း ကြောင့် ဆန္ဒဖော်ထုတ် ရခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်ပွဲ တက်ရောက်သူများ ကပြောသည်။

ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ နိုင်မစ်က “အစတုန်းက ဘိလပ်မြေထုတ်လုပ်မယ်လို့ သူတို့ပြောထားတယ်။ ဒါကိုကျနာ်တို့ သဘောတူခဲ့ပါတယ်။ အခု သူတို့ကျောက်မီးသွေးနဲ့လည်ပတ်ပြီး ထုတ်လုပ်မယ်ဆိုတော့ ကျနော် တို့ ဒေသခံအနေနဲ့  ဘယ်လိုမှလက်မခံဘူး။ ကျနော်တို့အတွက်လည်း အန္တရာယ်ရှိနိုင်တယ်။ အဲ့ဒါကြောင့် အခုလို့ ကျနော် တို့ဆန္ဒဖော်ထုတ်ခဲ့ပါတယ်” ဟု ဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ပျားတောင်ဒေသအတွင်း ကျောက်မီးသွေးအသုံးပြုမှုကို ရုပ်သိမ်းရန်၊ သဘာဝပတ် ဝန်းကျင် ပျက်စီးစေနိုင်သော လုပ်ငန်းများရုပ်သိမ်းရန်၊ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်းနှင့် ကျန်းမာ ရေးကာကွယ်စောင့်ရှောက်ရန်၊ အများပြည်သူသုံး ရေးအရင်းအမြစ် မပျက်စီးရန် အချက် ၄ ချက်ကို တောင်းဆိုခဲ့ကြသည်။

စက်ရုံအတွင်း လျှပ်စစ်သုံးစွဲရန်အတွက် လိုအပ်သည့်လျှပ်စစ်စွမ်အင်းကို ကျောက်မီးသွေးမှ ၄၀ မဂ္ဂါဝပ်နှင့် စက်ရုံမှစွန့်ပစ်တဲ့ လေပူ Waste Heat Generator (WHG) ကတဆင့် ၉ မဂ္ဂါဝပ်ကို ထုတ်ယူ သွားမည် ဟု MCL က ထုတ်ပြန်ထားသည်။

MCL ဘိလပ်မြေစက်ရုံ အမှုဆောင်အရာရှိ ဦးဇော်လွင်ဦးက “ဒေသခံတွေအနေနဲ့ ကျောက်မီးသွေး ရဲ့ဆိုးကျိုးကို သိသလို ကျနော်တို့စက်ရုံမှာ ဒီကျောက်မီးသွေးဆိုးကျိုးမရှိအောင် ဘယ်လိုထုတ်ထားသ လဲဆိုတာ ဒေသခံတွေအနေသိဖို့လိုပါတယ်။ ဒေသခံတွေအနေနဲ့ ကျနော်တို့စက်ရုံကို လာရောက်လေ့လာဖို့ အတွက်လဲ အချိန်မရွေး တံခါးဖွင့်ပေးထားပါတယ်” ဟု ဆိုသည်။

လက်ရှိအချိန် MCL မော်လမြိုင်ဘိလပ်မြေစက်ရုံသည် စမ်းသပ်လည်ပတ်ဆဲကာဖြစ်သောကြောင့် လျှပ်စစ်စွမ်းအင်ကို ၃၀ နှင့် ၃၅ မဂ္ဂါဝပ်ကြား ထုတ်လုပ်နေသည်ဟု ကုမ္ပဏီမှသိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် (က) ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ -အလိုမရှိ၊ (ခ) ဒို့ဒေသရဲ့သဘာဝအလှ မဖျက်စီးရေး-ဒို့အရေး၊ (ဂ) ဒိုင်းနမိုက်မိုင်း အသုံးမပြုရေး-ဒို့အရေး၊ (ဃ) ရှေးဟောင်းမွေနှစ်မျာ မဖျက်စီးစီးရေး-ဒို့အရေး၊ (င) ရေအရင်းမြစ်ကာကွယ်ရေး-ဒို့အရေး စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့သည်ကို တွေ့ရသည်။

မော်လမြိုင်ဘိလပ်မြေစက်ရုံသည် ကျောက်မီးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင်ကို အသုံးပြု၍ တစ်ရက်လျင်တန်ချိန် ၅၀၀၀ ထုတ်လုပ်သွားမည်ဖြစ်ပြီ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှစတင်စမ်းသပ်လည်ပတ်နေရာ ဇန်နဝါရီ ၂၀ ရက်နေ့ထိ ဘိလပ်မြေတန်ချိန်ပေါင်း သုံးသိန်း(၃၀၀,၀၀၀) ထုတ်ထားပြီးဖြစ်သည်ဟု ကုမ္မဏီတာဝန်ရှိသူမှ သိရသည်။

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...