ဘာရန်ကျွန်း မီးတောင်ပေါက်ကွဲမှုမှ ဆူနာမီဖြစ်လာပါက မွန်ပြည်နယ် အဓိကစိုးရိမ်နေရ

ဘာရန်ကျွန်း မီးတောင်ပေါက်ကွဲမှုမှ ဆူနာမီဖြစ်လာပါက မွန်ပြည်နယ် အဓိကစိုးရိမ်နေရ
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ တနင်္သာရီကမ်းရိုးတမ်း၏ အနောက်အရပ်ရှိ ဘာရန်ကျွန်း မီးတောင်ပေါက်ကွဲလျက်ရှိရာ ဆူနာမီဖြစ်ပေါ်လာပါက မွန်ပြည်နယ်သည် အဓိက စိုးရိမ်ရကြောင်း မိုးလေဝသနှင့် မြေငလျှင်ပညာရှင်များထံမှ သိရသည်။

သို့ရာတွင် မိုးလေဝသနှင့် မြေငလျှင်ပညာရှင်များခန့်မှန်း ပြောကြားချက်အရ ဆူနာမီဖြစ်ရန် အလားအလာ နည်းပြီး ငလျှင်လှုပ်ပါက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ငလျှင်လှုပ်ခတ်မှုများ ဖြစ်ပေါ်နိုင်သော်လည်း မီးတောင်ပေါက်သည့် နေရာနှင့် လွန်စွာဝေးကွာ၍ ထိခိုက်ပျက်စီးမှုများ နည်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

Barrin 300x200

ဒေါက်တာထွန်းလွင်က “မီးတောင်ပေါက်လို့ ဆူနာမီ ဖြစ်ရင် အချက် ၄ ချက်ကိုက်မှ ဆူနာမီ ဖြစ်မှာ ဆိုလိုတာက ရေအောက်ကြမ်းပြင် မှာ ငလျှင်လှုပ်ရမယ်၊ အင်အားကလည်း ရ ကျော်ရမယ်၊ လှုပ်တဲ့ စင်တာက အနက်တိမ်ရမယ်၊ ကီလိုမီတာ ရ၀ မကျော်ရဘူး၊ မြေသားလှုပ်ရှားမှုက အပေါ်အောက်ဖြစ်ရမယ်၊ အဲဒါမှ ဆူနာမီဖြစ်တယ်၊ ဒါပဲ စိုးရိမ်စရာရှိပါတယ်။ ဒါက ကျွန်တော့်အမြင်တော့ အခုဟာက ဆူနာမီဖြစ်ဖို့ မသေချာပါဘူး၊ ဒါပေမယ့် စောင့်ကြည့်ရမှာ ပါပဲ” ဟု ပြောသည်။

လက်ရှိအချိန်၌ ဘာရန်ကျွန်းမီးတောင် ပေါက်ကွဲမှုမှာ မီးခိုးပန်းထွက်မှုများ ဖြစ်ပေါ်နေပြီး ကမ္ဘာ့ငလျှင်ပညာရှင်များက သေးငယ်သော လှုပ်ရှားမှု(ပေါက်ကွဲမှု) အဆင့်သာရှိသေးကြောင်း ခန့်မှန်းနေကြသည်။

“ကမ္ဘာ့သမိုင်းမှာတော့ မီးတောင်ကြီးတွေ ကျွန်းတွေမှာ ပေါက်ကွဲရင် ဆူနာမီ ဖြစ်ခဲ့ဖူးတာ ၁ ကြိမ်ပဲရှိတယ်၊ ၁၈၈၃ မှာ တစ်ကြိမ်ပဲဖြစ်ခဲ့ဖူးတယ်၊ အဲဒီတုန်းက ဖြစ်ခဲ့တဲ့ မီးတောင်နဲ့ အခု ဘာရင်ကျွန်းမှာ ပေါက်ကွဲနေတဲ့ မီးတောင်နဲ့က ဘူမိဗေဒ အလားအလာခြင်း တူတယ်၊ ဒါသာကွဲခဲ့ရင် ဆူနာမီဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့က ဗပာုသုတအနေနဲ့ ပြောတာ ပါ၊ ဖြစ်လာရင် ပြင်ဆင်ချိန်က နာရီဝက် တစ်နာရီလောက်တော့ ရမယ်လို့ မှန်းတယ်၊ လောလောဆယ်တော့ လေယာဉ်တွေ သတိထားပျံဖို့ဘဲ သတိပေးထားတာရှိပါတယ်”ဟု မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းက ပြောသည်။

ဘာရင်ကျွန်းမီးတောင်သည် မြန်မာကမ်းရိုးတမ်းနှင့်မိုင် ၂၅၀ ခန့်ရှိ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား တည်ရှိနေသည့် မြေအောက် အနက် ၂၂၅၀ မီတာအနက်မှ အထက်မြေပေါ်အမြင့် ၃၅၄ မီတာအထိ ထိုးထွက်နေသော မီးတောင်ရှင် ဖြစ်ကြောင်း ဦးထွန်းလွင်၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

June 3, 2026
မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်းမြင့်တက်မှု မဖြေရှင်းနိုင်သေးသဖြင့် ဆီဈေးနှုန်းများ...
June 2, 2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျုံဟော်ကျေးရွာအနီးရှိ ရင်းငြိမ်ရေထိန်းတံခါးမှ နှစ်စဉ်ကြုံနေရသည့်...
June 1, 2026
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီ-မဲဆောက်ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားကို...
May 30, 2026
ပေါင်မြို့နယ်၊ သဗြုချောင်းကျေးရွာ၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ...