ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲပထမဦးဆုံးအကြိမ် ကျင်းပ

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲပထမဦးဆုံးအကြိမ် ကျင်းပ
by -
ကေအိုင်စီ
၆၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကို ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဋ္ဌာနက ဦးဆောင်ကာဖားအံမြို့၊ အထင်ကရကန်သာယာကန်၌ နိုဝင်ဘာ ၆ရက်မှ ၈ရက်နေ့ထိ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ လှေလှော်ပြိုင်ပွဲကို နိုဝင်ဘာ ရရက်၊ ပြည်နယ်နေ့တွင် စတင်ကျင်းပရခြင်းသည် နောင်လာမည့် နှစ်များတွင် အစဉ်အလာတစ်ခု ဖြစ်သွားစေရန် ပြည်နယ်အစိုးရကရည်ရွယ်ကျင်းပခြင်း ဖြစ်သည်ဟုအားကစားနှင့် ကာယပညာဦးစီးဋ္ဌာန၊ ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးအေးလွင်က ကေအိုင်စီသို့ပြောသည်။

“အခုက ကရင်ပြည်နယ်တစ်ခုလုံးအနေနဲ့ ပထမဦးဆုံးအကြိမ် ပြုလုပ်ပေးတာဖြစ်တယ်။ လှေအခက်အခဲ၊ နေရာအခက်အခဲရှိလို့ အရင်တုန်းကမလုပ်ဖြစ်ဘူး။ အခုကန်ကိုရှင်းထားပြီးဆိုတော့ အဆင်ပြေတယ်။ဒီလှေပြိုင်ပွဲက လူတွေစိတ်ဝင်စားတယ်။ နောက်ဆို နိုင်ငံတော်အဆင့် ဝင်ပြိုင်အောင်လုပ်မယ်။ နှစ်စဉ် အစဉ်အလာဖြစ်သွားအောင် ဆက်ပြီးကြိုးစားလုပ်ဆောင်ပေးရမယ်။ နောက်နှစ်တွေမှာအမျိုးသမီးတွေ စိတ်ဝင်စားရင် အမျိုးသမီးပွဲပါ လုပ်ပေးသွားမယ်” ဟု ဦးအေးလွင်ကပြောသည်။

ပထမဦးဆုံးအကြိမ် ပြုလုပ်သည့် အဆိုပါ ပြိုင်ပွဲတွင်၅တက်လှေလှော် ပြိုင်ပွဲနှင့် ၃တက်လှေလှော်ပြိုင်ပွဲစသည့် အမျိုးအစား ၂မျိုးပါဝင်ကာ ပြိုင်ပွဲဝင် လှေလှော် အသင်း ၁၄သင်းမှ ကစားသမား ၁၀၄ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများထံမှသိရသည်။

 “ လှေပြိုင်ပွဲက ကျောက်ကလပ်မှာ ကျင်းပတာတွေ့ဖူးတယ်။ အများကြီးတော့မဟုတ်ဘူး။ပြည်နယ်အဆင့်အခုမှစလုပ်တယ်ဆိုတော့ ဦးတို့ဖွဲ့လို့ရတဲ့လူနဲ့ပဲလာပြိုင်တယ်။ လူကြီးတွေပဲလူငယ်တွေတောင်မပါသေးဘူး။ နောက်နှစ်တွေမှာ လူငယ်တွေကို ပြိုင်ခိုင်းရမယ်။ အခက်အခဲရှိတာကရွာမှာဆို အင်းတွေမှာသွားကျင့်ရတယ်၊ အဆင်မပြေဘူး။ ပြီးတော့ လှေကဒီလိုမျိုးမဟုတ်ဘူး၊ ပြိုင်ပွဲဝင်လှေကသေးတော့ အကျင့် မရှိသေးဘူးပေါ့”ဟု ဖားအံမြို့နယ်၊ ရသေ့ပျံကျေးရွာမှ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူမန်းကိုက်ဝေါ်က ပြောသည်။

အဆိုပါလှေလှော်ပြိုင်ပွဲကို နိုဝင်ဘာ ၆ရက်နေ့တွင် အကြိုဗိုလ်လုပွဲများယှဉ်ပြိုင်ခဲ့ပြီး နိုဝင်ဘာ ရရက်နေ့တွင် ပြိုင်ပွဲဝင်အနိုင်ရအသင်း များဗိုလ်လုပွဲ ပြန်လည် ယှဉ်ပြိုင်ခဲ့ကြောင်း ပြိုင်ပွဲတာဝန်ရှိသူများထံမှ သိရသည်။

နို၀င်ဘာ ရရက်မှ (၁၁)ရက်နေ့အထိကျင်းပမည့် ကရင်ပြည်နယ်နေ့ပွဲတော်ကိုအောက်တိုဘာ ရရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပွဲတော်ကာလ ၅ရက်အတွင်း လှေလှော်ပြိုင်ပွဲအပြင် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ၊ သစ်သီးဝလံပန်းမန်ပြပြိုင်ပွဲ၊ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ရိုးရာခြင်းလုံး သရုပ်ပြအလှခတ်ပြိုင်ပွဲတို့ကိုလည်း ထည့်သွင်းကျင်းပခဲ့ကြသည်။

Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...