ဖားကန့်လမ်း တိုက်ခိုက်မှုတွင် အသက် ၆၀ ရွာသား ထိခိုက်ဒဏ်ရာ ရ

ဖားကန့်လမ်း တိုက်ခိုက်မှုတွင် အသက် ၆၀ ရွာသား ထိခိုက်ဒဏ်ရာ ရ
by -
ကေအဲန်ဂျီ
ဖားကန့်လမ်းမှ ဆင်းလာသော တပ်မတော်ယာဉ်တန်းတစ်ခုကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ မနက် ဖြစ်စဉ်တွင် ဒေသခံရွာသားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ဖားကန့် ကားမိုင်-ဂေါင်ရီ လမ်း နန့်စီးအင် ကျေးရွာအနီး တပ်မတော်ယာဉ်တန်း ၁၀ စီးခန့် ဗုံးဖေါက်ခွဲ ခံရသည့် ဖြစ်စဉ်တွင် အနီးရှိ အသက် ၆၀ နှစ်အရွယ် ဦးဖကောန် ဖောင်မင်း (Slg. Hpakawn Hpau Myin) ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ဦးဖောင်မင်း၏ ဘယ်ဘက် ဒူးခေါင်းအောက် ဗုံးစဝင်သွားသည့် အတွက်သွေးထွက်လွန်ပြီး ထိုနေရာတွင်ပင် မေ့လဲသွားသည်ဟု သူကိုယ်တိုင် ပြောပြသည်။

ဖြစ်စဉ်အပြီး ကားမိုင်း ဆေးရုံရောက်ခဲ့ရသော်လည်း ဒဏ်ရာအခြေအနေကြောင့် ယမန်နေ့ပင် မြစ်ကြီးနားဆေးရုံကို ပြောင်းရွှေ့ခဲ့ရသည် ဟု သိရသည်။

မိုင်းစ အသားထဲ ဝင်ခြင်းရှိ မရှိ စစ်ဆေးထားပြီး၊ ခွဲစိတ်မှု ပြုမည်/ မပြုမည် ကိုလည်း မသိရသေးကြောင်း ပြောသည်။

ဖားကန့်မှ ဆင်းလာသည့် တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရမှု တပ်မတော်သား တစ်ဦးလည်း ထိခိုက်ခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ် လီဒိုလမ်း၊ ဖားကန့်လမ်းတွင် အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရမှုများ ပုံမှန်ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် လူနေ ကျေးရွာအနီး တိုက်ခိုက် ပစ်ခတ်မှုများကို တတ်နိုင်သမျှ ရှောင်ရှားပေးရန် ဒေသခံပြည်သူများမှ တောင်းဆိုမှုများ ရှိခဲ့သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...