ဖားကန့်လမ်း တိုက်ခိုက်မှုတွင် အသက် ၆၀ ရွာသား ထိခိုက်ဒဏ်ရာ ရ

ဖားကန့်လမ်း တိုက်ခိုက်မှုတွင် အသက် ၆၀ ရွာသား ထိခိုက်ဒဏ်ရာ ရ
by -
ကေအဲန်ဂျီ
ဖားကန့်လမ်းမှ ဆင်းလာသော တပ်မတော်ယာဉ်တန်းတစ်ခုကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ မနက် ဖြစ်စဉ်တွင် ဒေသခံရွာသားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ဖားကန့် ကားမိုင်-ဂေါင်ရီ လမ်း နန့်စီးအင် ကျေးရွာအနီး တပ်မတော်ယာဉ်တန်း ၁၀ စီးခန့် ဗုံးဖေါက်ခွဲ ခံရသည့် ဖြစ်စဉ်တွင် အနီးရှိ အသက် ၆၀ နှစ်အရွယ် ဦးဖကောန် ဖောင်မင်း (Slg. Hpakawn Hpau Myin) ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ဦးဖောင်မင်း၏ ဘယ်ဘက် ဒူးခေါင်းအောက် ဗုံးစဝင်သွားသည့် အတွက်သွေးထွက်လွန်ပြီး ထိုနေရာတွင်ပင် မေ့လဲသွားသည်ဟု သူကိုယ်တိုင် ပြောပြသည်။

ဖြစ်စဉ်အပြီး ကားမိုင်း ဆေးရုံရောက်ခဲ့ရသော်လည်း ဒဏ်ရာအခြေအနေကြောင့် ယမန်နေ့ပင် မြစ်ကြီးနားဆေးရုံကို ပြောင်းရွှေ့ခဲ့ရသည် ဟု သိရသည်။

မိုင်းစ အသားထဲ ဝင်ခြင်းရှိ မရှိ စစ်ဆေးထားပြီး၊ ခွဲစိတ်မှု ပြုမည်/ မပြုမည် ကိုလည်း မသိရသေးကြောင်း ပြောသည်။

ဖားကန့်မှ ဆင်းလာသည့် တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရမှု တပ်မတော်သား တစ်ဦးလည်း ထိခိုက်ခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ် လီဒိုလမ်း၊ ဖားကန့်လမ်းတွင် အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရမှုများ ပုံမှန်ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် လူနေ ကျေးရွာအနီး တိုက်ခိုက် ပစ်ခတ်မှုများကို တတ်နိုင်သမျှ ရှောင်ရှားပေးရန် ဒေသခံပြည်သူများမှ တောင်းဆိုမှုများ ရှိခဲ့သည်။

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...