မြန်မာ စစ်တပ်မှ ဒုက္ခသည်စခန်းကို လက်နက်ကြီး ပစ်ခတ်

မြန်မာ စစ်တပ်မှ ဒုက္ခသည်စခန်းကို လက်နက်ကြီး ပစ်ခတ်
by -
ကေအဲန်ဂျီ
ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် Mungga Zup စစ်ပြေးဒုက္ခသည် စခန်း ကို ယနေ့ ည ရ နာရီခွဲ အစိုးရ တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်ခဲ့သည့်အတွက် ဒုက္ခသည်များ ယခု နယ်စပ်ဘက်ကို ထွက်ပြေးနေကြောင်း သတင်းရရှိသည်။

တပ်မတော်၏ လက်နက်ကြီးကျည် အနည်းဆုံး ၅ လုံး သည် Zai Awng ခေါ် Mungga Zup စစ်ပြေးစခန်းအနီးနား ကျရောက်ခဲ့သည့်အတွက် ဒုက္ခသည်များ ထိတ်လန့်ကာ နယ်စပ်ကို ထွက်ပြေးနေရကြောင်း ဒုက္ခသည်စခန်းမှ ဒေါ် ခေါန်းရီက ပြောသည်။ လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက် သူမရှိကြောင်း လည်း ပြောသည်။

လက်ရှိ Dabak (ဒဘတ်) ချောင်းသာခြားသည့် တရုတ်ပြည်ဘက်ခြမ်းမှာ တရုတ် စစ်သားများ က စစ်ပြေးဒုက္ခသည်များ ဝင်မလာနိုင်အောင် ဟန့်တား ထားကြောင်း သူက ဆက်ပြောပါသည်။

လက်နက်ကြီးကျည် ဒုက္ခသည်စခန်းအနီး ၅ လုံး ကျရောက်ခဲ့သည်အပြင် အခြား နေရာများတွင်လည်း ကျရောက်နေကြောင်း ပြောသည်။

အစိုးရတပ်မတော်သားများ Law Hkum ရွာ နှင့် Dumbu Kawng ရွာတို့မှ စစ်ပြေးရှောင်စခန်းကို ပစ်ခတ်နေတာဖြစ်ကြောင်း Mungga Zup စစ်ရှောင်များ ပြောပြချက်အရ သိရသည်။

Mungga Zup သို့မဟုတ် Zai Awng နှင့် Maga Yang စစ်ပြေးဒုက္ခသည်စခန်းများကို လုံခြံုရေး ပေးထားသည့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၃ Lai Hpawng (လိုင်ဖောင်) စခန်းကို ယနေ့ ညနေ ၅ နာရီခန့်မှာ အစိုးရတပ်က ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ယခုလို စစ်ပြေးဒုက္ခသည်စခန်းများကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ပြေးရှောင်များ ပြောသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...