မြန်မာ စစ်တပ်မှ ဒုက္ခသည်စခန်းကို လက်နက်ကြီး ပစ်ခတ်

မြန်မာ စစ်တပ်မှ ဒုက္ခသည်စခန်းကို လက်နက်ကြီး ပစ်ခတ်
by -
ကေအဲန်ဂျီ
ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် Mungga Zup စစ်ပြေးဒုက္ခသည် စခန်း ကို ယနေ့ ည ရ နာရီခွဲ အစိုးရ တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်ခဲ့သည့်အတွက် ဒုက္ခသည်များ ယခု နယ်စပ်ဘက်ကို ထွက်ပြေးနေကြောင်း သတင်းရရှိသည်။

တပ်မတော်၏ လက်နက်ကြီးကျည် အနည်းဆုံး ၅ လုံး သည် Zai Awng ခေါ် Mungga Zup စစ်ပြေးစခန်းအနီးနား ကျရောက်ခဲ့သည့်အတွက် ဒုက္ခသည်များ ထိတ်လန့်ကာ နယ်စပ်ကို ထွက်ပြေးနေရကြောင်း ဒုက္ခသည်စခန်းမှ ဒေါ် ခေါန်းရီက ပြောသည်။ လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက် သူမရှိကြောင်း လည်း ပြောသည်။

လက်ရှိ Dabak (ဒဘတ်) ချောင်းသာခြားသည့် တရုတ်ပြည်ဘက်ခြမ်းမှာ တရုတ် စစ်သားများ က စစ်ပြေးဒုက္ခသည်များ ဝင်မလာနိုင်အောင် ဟန့်တား ထားကြောင်း သူက ဆက်ပြောပါသည်။

လက်နက်ကြီးကျည် ဒုက္ခသည်စခန်းအနီး ၅ လုံး ကျရောက်ခဲ့သည်အပြင် အခြား နေရာများတွင်လည်း ကျရောက်နေကြောင်း ပြောသည်။

အစိုးရတပ်မတော်သားများ Law Hkum ရွာ နှင့် Dumbu Kawng ရွာတို့မှ စစ်ပြေးရှောင်စခန်းကို ပစ်ခတ်နေတာဖြစ်ကြောင်း Mungga Zup စစ်ရှောင်များ ပြောပြချက်အရ သိရသည်။

Mungga Zup သို့မဟုတ် Zai Awng နှင့် Maga Yang စစ်ပြေးဒုက္ခသည်စခန်းများကို လုံခြံုရေး ပေးထားသည့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၃ Lai Hpawng (လိုင်ဖောင်) စခန်းကို ယနေ့ ညနေ ၅ နာရီခန့်မှာ အစိုးရတပ်က ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ယခုလို စစ်ပြေးဒုက္ခသည်စခန်းများကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ပြေးရှောင်များ ပြောသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...