နံနက် ရ နာရီခန့် တပ်မတော်က လက်နက်ကြီးများနှင့် စတင် ပစ်ခတ်ခဲ့ကာ ၈ နာရီ ခန့်မှ ၁၀ နာရီ အထိ ဂျက်တိုက်လေယာဉ် များနှင့် အကြိမ်ကြိမ် လာရောက် ပစ်ခတ်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းဖော်ပြချက်အရ သိရသည်။
လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေပြီး မွန်းလွဲပိုင်းမှ မြေပြင်တပ်များနှင့် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ညနေ ပိုင်းမှာ Lai Hpawng Bum (လိုင်ဖောင်စခန်း) ကို KIA က နောက်ဆုတ်ပေးခဲ့ရကြောင်း ဒေသခံ ရှေ့တန်းသတင်းနှင့် ဒေသခံများ ပြောပြချက်အရ သိရသည်။
ယနေ့ ထပ်မံ သိမ်းပိုက်ခံရသော Lai Hpawng Bum သည် အစိုးရတပ်မတော်မှ ၄ လတိတိ တိုက်ခိုက်သိမ်းယူခဲ့သော KIA လှုပ်ရှားတပ်ရင်း ၂၅၂ Gidon (ဂီးဒွန်) စခန်း၏ အနီးတွင် တည်ရှိသည်။
Gidon စခန်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ သိမ်းယူအပြီး ၁၁ ရက်အကြာ ယနေ့ Lai Hpawng Bum ကို ထပ်မံ သိမ်းပိုက်ခဲ့ခြင်းလည်းဖြစ်သည်။







