KIA ၏ လိုင်ဖောင်စခန်း တပ်မတော်မှ ထပ်မံ သိမ်းပိုက်

KIA ၏ လိုင်ဖောင်စခန်း တပ်မတော်မှ ထပ်မံ သိမ်းပိုက်
by -
ကေအဲန်ဂျီ
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ ၏ Lai Hpawng Bum (လိုင်ဖောင်စခန်း) ကို မြန်မာ စစ်တပ်က အပြင်းအထန် တိုက်ခိုက်ပြီး ဒီဇင်ဘာလ ၂၇ ရက်တွင် သိမ်းယူ လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

နံနက် ရ နာရီခန့် တပ်မတော်က လက်နက်ကြီးများနှင့် စတင် ပစ်ခတ်ခဲ့ကာ ၈ နာရီ ခန့်မှ ၁၀ နာရီ အထိ ဂျက်တိုက်လေယာဉ် များနှင့် အကြိမ်ကြိမ် လာရောက် ပစ်ခတ်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းဖော်ပြချက်အရ သိရသည်။

လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေပြီး မွန်းလွဲပိုင်းမှ မြေပြင်တပ်များနှင့် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ညနေ ပိုင်းမှာ Lai Hpawng Bum (လိုင်ဖောင်စခန်း) ကို KIA က နောက်ဆုတ်ပေးခဲ့ရကြောင်း ဒေသခံ ရှေ့တန်းသတင်းနှင့် ဒေသခံများ ပြောပြချက်အရ သိရသည်။

ယနေ့ ထပ်မံ သိမ်းပိုက်ခံရသော Lai Hpawng Bum သည် အစိုးရတပ်မတော်မှ ၄ လတိတိ တိုက်ခိုက်သိမ်းယူခဲ့သော KIA လှုပ်ရှားတပ်ရင်း ၂၅၂ Gidon (ဂီးဒွန်) စခန်း၏ အနီးတွင် တည်ရှိသည်။

Gidon စခန်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ သိမ်းယူအပြီး ၁၁ ရက်အကြာ ယနေ့ Lai Hpawng Bum ကို ထပ်မံ သိမ်းပိုက်ခဲ့ခြင်းလည်းဖြစ်သည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...