KIA ၏ လိုင်ဖောင်စခန်း တပ်မတော်မှ ထပ်မံ သိမ်းပိုက်

KIA ၏ လိုင်ဖောင်စခန်း တပ်မတော်မှ ထပ်မံ သိမ်းပိုက်
by -
ကေအဲန်ဂျီ
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ ၏ Lai Hpawng Bum (လိုင်ဖောင်စခန်း) ကို မြန်မာ စစ်တပ်က အပြင်းအထန် တိုက်ခိုက်ပြီး ဒီဇင်ဘာလ ၂၇ ရက်တွင် သိမ်းယူ လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

နံနက် ရ နာရီခန့် တပ်မတော်က လက်နက်ကြီးများနှင့် စတင် ပစ်ခတ်ခဲ့ကာ ၈ နာရီ ခန့်မှ ၁၀ နာရီ အထိ ဂျက်တိုက်လေယာဉ် များနှင့် အကြိမ်ကြိမ် လာရောက် ပစ်ခတ်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းဖော်ပြချက်အရ သိရသည်။

လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေပြီး မွန်းလွဲပိုင်းမှ မြေပြင်တပ်များနှင့် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ညနေ ပိုင်းမှာ Lai Hpawng Bum (လိုင်ဖောင်စခန်း) ကို KIA က နောက်ဆုတ်ပေးခဲ့ရကြောင်း ဒေသခံ ရှေ့တန်းသတင်းနှင့် ဒေသခံများ ပြောပြချက်အရ သိရသည်။

ယနေ့ ထပ်မံ သိမ်းပိုက်ခံရသော Lai Hpawng Bum သည် အစိုးရတပ်မတော်မှ ၄ လတိတိ တိုက်ခိုက်သိမ်းယူခဲ့သော KIA လှုပ်ရှားတပ်ရင်း ၂၅၂ Gidon (ဂီးဒွန်) စခန်း၏ အနီးတွင် တည်ရှိသည်။

Gidon စခန်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ သိမ်းယူအပြီး ၁၁ ရက်အကြာ ယနေ့ Lai Hpawng Bum ကို ထပ်မံ သိမ်းပိုက်ခဲ့ခြင်းလည်းဖြစ်သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...